ep10

2.4K 319 51
                                    

" သခင်လေးဂျွန်နဲ့မိတ်ဆက်ပေးဖို့ကိစ္စကို
မေ့လိုက်တော့ အဲလိုလုပ်စရာမလိုတော့ဘူး "

" ဘာလို့လဲ ဘာကိုပြောချင်တာလဲ ကိုကိုက "

" အရင်က မင်းကိုသူနဲ့ရင်းနှီးစေချင်ပြီး
လက်ထပ်ပေးချင်ခဲ့တာလေ..
အခု အဲလိုလုပ်ဖို့ မလိုတော့ဘူး
သူနဲ့မပတ်သက်ချင်တော့ရင်လည်း ရပြီ။
ပြီးတော့ ဟယ်လင့်ကိုရှုံးမှာမျိုးလည်း စိတ်မပူနဲ့
သူလည်းဟယ်လင့်ကို မကြိုက်ဘူး
ဟယ်လင်နဲ့လက်ထပ်တာမျိုးလည်း
ဖြစ်လာမှာမဟုတ်ဘူး "

" အဲတော့ ဘာလဲ.. ဂျယ်နီက အစကတည်းက
ကိုကို့စကားနားထောင်ခဲ့တယ်များထင်နေလား
ကိုကိုက မလိုတော့ဘူးလို့ပြောလို့ ဂျယ်နီက
သခင်လေးဂျွန်နဲ့ မတွေ့ရတော့ဘူးပေါ့ ဟုတ်လား
ဘာလို့လဲ.. ကိုကိုက ဘာလို့အမွေတွေ မလိုချင်
တော့တာလဲ ပိုက်ဆံမလိုချင်တော့ဘူးလား "

" ပိုက်ဆံက လိုအပ်တယ်ဆိုရင်တောင်
ညီမလေးလောက် အရေးမကြီးဘူး
သူက လူကောင်းတစ်ယောက်မဟုတ်ဘူး
အဲဒါကြောင့်မလို့ ညီမလေးနဲ့မပတ်သက်
စေချင်တော့ဘူး "

" ဟက်... ဒါပေမဲ့ ကိုကိုရယ်
ဘယ်လိုလုပ်မလဲ ဂျယ်နီသူနဲ့တွေ့ပြီးသွားပြီ
သူနဲ့ရင်းနှီးသလောက်ဖြစ်နေပြီ သူနဲ့ဂျယ်နီက
အဆင်ပြေနေတယ်ရော.. "

" ဘယ်လို! ဘယ်ကဘယ်လို တွေ့ပြီး
သွားကြတာလဲ ဘယ်တုန်းကလဲ "

" ကိုကိုအံ့ဩသွားလား သူနဲ့မကြာသေးခင်ကဘဲ
ဆုံပြီး ရင်းနှီးသွားတာ သူကဂျယ်နီကို ကိုကို့
ညီမမှန်းလည်း သိတယ် ဂျယ်နီတို့ ဘာမှပြဿနာ
မရှိဘူး အဲတော့ ကိုကိုစိတ်မပူနဲ့ ဂျယ်နီနဲ့
သူနဲ့ကိစ္စ ဂျယ်နီ့ဘာသာဆက်သွားမယ်
ကိုကို့ကိစ္စမရှိတော့ဘူးဆိုတော့ ပိုလိုတောင်
သူနဲ့ပတ်သက်လို့ အဆင်ပြေသွားတာပေါ့ "

" မဟုတ်ဘူး မဟုတ်ဘူးဂျယ်နီ
သူက.. သူက အဲလိုလူမဟုတ်ဘူးနော်
သူ့ကိုယုံကြည်လိုက်လို့မရဘူး သူနဲ့မင်းနဲ့
ဘယ်လိုအခြေအနေမှာ တွေ့ကြတာလဲ! "

ဂျယ်နီနဲ့ဂျွန်ဂျောင်ဂု တွေ့ပြီး အဆင်ပြေနေတယ်
ဆိုတာက ‌သူ့ကိုခေါင်းမီးတောက်သွားစေသည်။
ဘယ်ကဘယ်လို ဘယ်တုန်းက ဘယ်အခြေအနေထိ
ရောက်ကုန်ကြတာလဲ။ ဒါ သာမန်တွေ့ဆုံမှုရော
ဟုတ်ပါ့မလား..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now