ep22

2K 254 48
                                    

" မဒမ်ကင်မ် ကျွန်တော်တို့ကျောင်းမှာ မနက်ဖြန်ပဲ
အစမ်းစစ်ဆေးမှုတွေလုပ်တော့မှာ ပြိုင်ပွဲအတွက်
အကြိုလက်ရည်ပြရမှာ စိတ်လှုပ်ရှားလိုက်တာ
ဒီညစောစောအိပ်ရမယ် "

" ဟုတ်လား ပြိုင်ပွဲကရော ဘယ်နေ့တဲ့လဲ "

" အတိအကျမသတ်မှတ်ရသေးဘူး မဒမ်ကင်မ်
ဘာလို့လဲဆိုတော့ တခြားပြိုင်ပွဲဝင်တွေရဲ့
လေ့ကျင့်ချိန်ကာလက ပိုကြာတော့
သူတို့နဲ့အချိန်ညှိပြီးမှ သေချာတဲ့ရက်သတ်မှတ်မှာတဲ့ "

" ဩ.. မင်းရော အကုန်အဆင်သင့်ဖြစ်နေပြီလား "

" ဖြစ်နေပြီ။ ကျွန်တော်အားလုံးကိုတတ်နေပြီ
ပစ်မှတ်အရှင်ကိုပစ်တာတောင် အမှတ်ပြည့်
ရဖူးတယ်။ ပြိုင်ပွဲနေ့မရောက်ခင်အထိ
ပုံမှန်လေ့ကျင့်သွားရင် ပထမရနိုင်တယ်တဲ့
ဦးလေးငယ်ပြောတာ.. "

ဆော့ဂျင် အယ်ရိုရဲ့ စိတ်ဝင်တစားပြောပြနေတဲ့ အကြောင်းအရာတွေကို ခေါင်းတညိတ်
ညိတ်လုပ်ရင်း နားထောင်ပေးလိုက်ပြီး
တစ်ခါတလေ သူပါပြန်မေးလိုက်သည်။
အခုဆိုရင် သူနဲ့အယ်ရိုက အရင်ကထက်စာရင်
ပိုရင်းနှီးလာပြီလို့ ပြောလို့ရမယ်။ သူတို့အတူ
သေနတ်ပစ်သင်ပြီးနောက်ပိုင်း ပိုခေါ်ပြော
ဖြစ်လာသည်။ အထူးသဖြင့် သေနတ်ပစ်
အကြောင်းပြောတဲ့အခါ စကားတွေက
ပိုအဆင်ချောချော ထွက်လာတတ်သည်။
အယ်ရိုက သေနတ်ပစ်နဲ့အတိုက်အခိုက်ပိုင်းကို
ဝါသနာကြီးပုံရသည်။ သူက သူရဲကောင်းလို
အတိုက်အခိုက်စွမ်းရည်ရှိတဲ့သူတွေကို
အထင်ကြီးလေးစားတတ်သည်။
သူ့ဦးလေးငယ်၊လက်ထောက်ကိန်းဝပ်၊
သူတို့ကိုဆို တော်တော်လေး အထင်ကြီး
လေးစားနေသည်။ သူ့ဦးလေးငယ်ကိုဆို
ဘာမဆိုလုပ်နိုင်တဲ့ သူရဲကောင်းကြီးလို
ထင်မှတ်ထားတာ..

ကလေးတွေရဲ့အမြင်က လူကြီးတွေရဲ့
အပြုအမူတွေနဲ့ အများကြီးဆိုင်သည်။
အယ်ရိုက အရင်တုန်းက သူ့ကို
မစ္စမာရင်းတို့ဆက်ဆံတဲ့အပြုအမူ‌
သွေးထိုးစကားတွေကြောင့် သူ့ကိုဆို
အမြင်မကြည်သလို သူ့အပေါ်အမြင်က
မစ္စမာရင်းတို့ ဆက်ဆံသလိုသာ ထင်မြင်ထားသည်။
နောက်ပိုင်း ဂျွန်ဂျောင်ဂုနှင့် တွဲမြင်တဲ့အခါမှာတော့
အမြင်တွေက ကွာခြားသွားပြန်သည်။
ဂျွန်ဂျောင်ဂုက သူ့အပေါ်မှာဆို နှစ်ယောက်တည်းရှိတဲ့အချိန်မှာသာ
အရှက်မရှိတဲ့စကားတွေနဲ့ အပြုအမူကိုပြတာ
လူအများရှေ့မှာဆို သူက ရိုသေတတ်တဲ့
မတ်ကလေးလို မရီး မရီးဆိုတာ ပါးစပ်ကမချ။
အပြုအမူတွေကို သင်ယူနေစဲဖြစ်တဲ့
ကလေးတွေအမြင်မှာဆို ဂျွန်ဂျောင်ဂုက
သူ့အပေါ်လေးလေးစား‌စားနှင့် ဆက်ဆံသည်ပေါ့
အယ်ရိုက သူ့ကိုဆို သူအားကျအတုယူရတဲ့
စံပြပုဂ္ဂိုလ်ကြီးလေ အဲဒီပုဂ္ဂိုလ်က သူ့အပေါ်ကို
လေးစားသမှုရှိနေတော့ သူသည်လည်း
သူ့အပေါ်ရှိန်လာခဲ့သည်။ အမှန်လို့မထင်ရပေမဲ့
တကယ်လည်း အယ်ရိုက ဂျွန်ဂျောင်ဂုသူ့အပေါ်
ဆက်ဆံပုံကိုကြည့်ပြီး သူ့အပေါ်အမြင်တွေလည်း
ပြောင်းလဲလာခဲ့တာ..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now