ep28

2.1K 312 35
                                    

" ဦးစီးယွန် ကျွန်ုပ်အိမ်တော်ထိ တကူးတက ‌
လိုက်လာခဲ့ရလို့ အားနာရပါတယ် အခုလို
သတင်းလာမေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် "

" ကိုယ် စိတ်ပူနေတာ မင်းကိုစက်ရုံမှာ
မတွေ့ခဲ့ရလို့ သူတို့ပြောတာ မင်းနေမကောင်းလို့
စက်ရုံကိုမလာနိုင်ဘူးဆိုတာကြားလို့
သတင်းမေးရအောင် ရောက်လာခဲ့လိုက်တာ "

" နေကောင်းက သက်သာနေပါပြီ။
စက်ရုံကိုမရောက်ဖြစ်တာက တခြားဘက်မှာ
အလုပ်ရှုပ်နေလို့ပါ အလကားသက်သက်
ဦးစီးယွန်ကို စိတ်ပူစေမိပြီ "

" နေကောင်းဖို့ကသာ အဓိကပါ ကိုယ်ကလည်း မင်းတကယ်နေကောင်းရဲ့လားဆိုတာ
ကိုယ်တိုင်မြင်ချင်လို့ အိမ်ထိ ရောက်လာခဲ့မိတယ်
ကိုယ်လာလို့ အနှောင့်အယှက်ဖြစ်သွားရင်တော့
အားနာရပါတယ် "

" မဟုတ်တာ မဟုတ်ဘူး။ ဦးစီးယွန်
အချိန်တိုင်း လာလည်နိုင်ပါတယ်
ကျွန်ုပ်က ဦးစီးယွန်ကို အမြဲကြိုဆိုနေမှာပါ။
ဦးစီးယွန်လာတုန်း ကျွန်ုပ်ရဲ့ ဧည့်ခံမှုကို
လက်ခံပေးပါအုံး.. ဒါက ကျန်းမာရေးအတွက်
ကောင်းတဲ့ ဂျင်ဆင်းလက်ဖက်ရည်လေးပါ
ကျွန်ုပ်တို့ အတူသောက်ကြရအောင် "

သူတို့လက်ဖက်ရည်သောက်ရင်း
ရောက်တတ်ရာရာ စကားစမြည်း
ပြောနေကြသည်။ ဒီနေ့ အိမ်တွင် မစ္စမာရင်းတို့ သားအမိနှစ်ယောက်စလုံး ရှိနေသည်။
သူတို့က သူနှင့်ဦးစီးယွန်တို့ စကားဝိုင်းကို
ခပ်လှမ်းလှမ်းကနေ အကဲ‌ခတ်နေကြသည်။
ပြီးရင် သူတို့အားကိုးရတဲ့ အရှင်သခင်ကြီးဆီ
စကားပါးအုံးမှာသိတော့ ဆော့ဂျင်အမြင်ကတ်ကတ်နဲ့
ပိုနေပြလိုက်သည်။ တစ်စိတ်ကိုတစ်အိတ်လုပ်ပြီး
မဟုတ်တာကိုလည်း အဟုတ်လုပ်ပြောနေတဲ့
သားအမိကို သူကြာလေ စိတ်ကုန်လာလေ..
သူသည်းခံလာတာ ဝန်ကြီးချုပ်နဲ့လက်ထပ်
လိုက်ကတည်းက အခုထိ သူတို့ပေးတဲ့
ဒုက္ခတွေကို ကွေ့ရှောင်ပြီးနေလာတာ။

ဂျွန်ဂျောင်ဂုအားကိုးနဲ့ သူ့ကို ဟိုလိုလုပ်ပါ
ဒီလိုလုပ်ပါနဲ့ သူတို့ကိုအဖက်မလုပ်ချင်လို့
တတ်နိုင်သလောက် လျစ်လျှူရှုထားတာကို
သည်းမခံနိုင်တဲ့ကိစ္စတွေထိ ဝင်ဝင်စွက်ဖက်နေတာ
သူအဲနေ့ကအပြတ်ပြောပြီး နောက်နေ့တွေလည်း
မခေါ်ပြောဘဲနေသည်။ သူတို့ပေးတဲ့ စိတ်ဒုက္ခတွေကို
အတတ်နိုင်ဆုံး မမြင်ရဖို့လုပ်ထားသည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now