ep31

2.5K 334 78
                                    

ရုတ်တရက် ဆူဆူညံညံအသံများနှင့်အတူ
မီးလောင်တယ်ဆိုပြီး အော်သံတွေနဲ့
ချက်ချင်းပင် မီးရိပ်မီးလုံးများ မြင်လိုက်ရတော့
သူသည်လည်း နိုးနိုးကြားကြား ဖြစ်သွားကာ
သစ်ပင်နောက်မှီတွဲ့ထိုင်နေရကနေ
လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
ထိုအခါ လှုပ်ရှားလိုက်မှုကြောင့်
ခြေကျင်းဝတ်က အနည်းငယ်နာကျင်သွားသည်။
ဓားပြတွေဖမ်းခေါ်လာခဲ့တုန်းက
ခလုတ်တိုက်မိပြီး ခြေကျင်းဝတ်က
လည်သွားတာ။ ဒါပေမဲ့ ထိုအလည်အတိုင်းပဲ သူဆက်လျှောက်ခဲ့ရပြီး ရောက်တော့လည်း ဘာကုသမှုမှမရှိသေးတာမလို့
ယောင်ကိုင်းလို့နေသည်။ ရောက်လာကတည်းက
ငြိမ်ငြိမ်ထိုင်နေရတာမလို့ နာကျင်မှုက
မသိသာပေမဲ့ လှုပ်ရှားလိုက်တဲ့အခါမှာတော့
သိသိသာသာ နာကျင်လာခဲ့သည်။

ဒိုင်း!

သေနတ်ပစ်သံကြောင့် လူစိမ်းတစ်ယောက်ယောက်
ဝင်လာပြီထင်လိုက်သည့်အခါ သူအားတက်တရော
ဖြစ်သွားသည်။ ‌မီးလောင်မှုကြောင့် အလင်းရောင်က
ကောင်းစွာရနေပေမဲ့ ဓားပြတွေက ရုန်းရင်းဆန်ခတ်
ပြေးလွှားငြိမ်းသက်နေမှုကြောင့် သူထိုလှုပ်ရှားနေတဲ့
လူစုကြား ကွဲပြားမှုကို ရှာနေမိသည်။ ဂျွန်ဂျောင်ဂုသာ
ဆိုရင် ဒီလူတွေကြားမှာ ထင်းလို့ရှိနေမှာ..

" မင်းတို့အဖေက ဒီမှာ.. "

အသံကြောင့် သူသေချာသွားပြီး
နောက်ဆုံးတော့ လို့ တီးတိုးရေရွတ်လိုက်မိသည်။ သူရောက်လာခဲ့ပြီ။ သူရောက်လာခဲ့ပြီ။
ဆော့ဂျင်က သူရောက်လာခဲ့မယ်ဆိုတာ ယုံကြည်ချက်ပြင်းပြင်း ရှိနေပေမဲ့
ဘယ်လိုပုံစံနဲ့ ဘယ်လိုရောက်လာမည်
ဆိုတာကိုတော့ ပုံဖော်ကြည့်လို့မရခဲ့။
ပြီးတော့ သူအများကြီးလည်း
စိုးရိမ်နေခဲ့တယ် တကယ်လို့
သူသာတစ်ယောက်တည်းလာခဲ့မယ်ဆိုရင်
အန္တရာယ်များတယ် အများနဲ့တစ်ယောက်ကြား
လက်နက်မပါဘဲ ဘယ်လိုယှဉ်နိုင်မလဲ စသည်ဖြင့်
အများကြီးတွေးနေမိခဲ့တယ်။ ပြီးတော့သူ
ဒီနေရာကို ရှာနိုင်ပါ့မလားဆိုတာရောပေါ့..

အခုလိုပုံစံမျိုး မမျှော်လင့်ထားခဲ့တာမလို့
သူပါ ဓားပြတွေနဲ့ပေါင်းပြီး အံ့အားသင့်မိသည်။
သူက တကယ်သူရဲကောင်းဆန်ဆန်
ရောက်လာခဲ့တာပဲ..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now