ep9

2K 293 22
                                    

" အစ်ကို ဒါတွေက စက်ရုံသစ်အတွက်
အစ်ကိုရှာခိုင်းထားတဲ့ မြေနေရာနဲ့
လက်ဝယ်ပိုင်ဆိုင်မှု အချက်အလက်တွေပါ
တချို့မြေနေရာတွေကတော့ အစိုးရမြေတွေပါ "

" ချထားလိုက်အုံး "

" ဒန် အခုလောလောဆယ်တော့
ငါဒါကို ဆက်မလုပ်တော့ဘဲ နေလိုက်ရမလားလို့
အတွေးဝင်နေမိတယ် "

" အစ်ကို.. မဟုတ်မှ သခင်လေးဂျွန်နဲ့
ညှိလို့အဆင်မပြေခဲ့ဘူးလား "

ဆော့ဂျင်လုပ်စလက်ကို ရပ်လိုက်ပြီး
ဒန့်ကို သူ့ရှေ့ကခုံမှာထိုင်ဖို့ အချက်ပြလိုက်သည်။
သူဒီကိစ္စကို တစ်ယောက်ယောက်ကိုမှ
ဖွင့်မပြောရရင် ရူးတော့မည်။ အဲနေ့
ဂျွန်ဂျောင်ဂုသူ့ကိုပြောလာတဲ့စကားတွေက
သူ့ခေါင်းထဲမှာ အပြည့်နေရာယူနေသည်။
သူက သူထင်ထားတာထက်တောင် အကြံများပြီး ကောက်ကျစ်သေးတယ်။ သူ့ကိုလည်း
လှုပ်မရအောင် အပီချုပ်သွားတာ။
အဆိုးဆုံးက သူတို့လိုလူမျိုးတွေကို
အထင်သေးစော်ကားနေတာပဲ။

သူက သူ့အစ်ကိုလို အထက်တန်းအလွှာက
ဝန်ကြီးချုပ်ကိုလုပ်ခဲ့သလို သူ့ကိုလည်း
အဲလို ပြန်လုပ်မလားဆိုပြီး သူ့အကွက်နဲ့သူ့ကိုပြန်ပြီး
ပြန်ချောင်ပိတ်ဖမ်းလိုက်တာ သူ့ဆီက
အကူအညီလိုအပ်မှန်းသိလို့ အခုလိုမျိုး
သူက သူတို့အပေါ် မထီမဲ့မြင်နဲ့ စော်ကားချင်သလို
စော်ကားပြနေတာ။ သူ့ညီမလေးကိုလည်း
သူလိုမျိုးထဲ ဆွဲထည့်သွားတာ သူမခံနိုင်ဆုံးဘဲ
ဂျယ်နီက သူ့ကိစ္စတွေမှာ ဘာမှသိတာမဟုတ်ဘူး။
သူကသူ့လိုမျိုးလည်း မလုပ်ခဲ့ဖူးဘူး။
ဒါကြောင့် သူ့ညီမလေးကို ထိခိုက်ပြောလာရင်
သူဒေါသထွက်ပါသည်။ သူ့ကို ထင်ချင်သလိုထင်
ပြောချင်သလိုပြော ဘာမှမဖြစ်ဘူး။
သူတကယ်လုပ်ခဲ့တဲ့ ကိစ္စတွေမလို့..
အဲနေ့က သူ့ကိုပြောခဲ့တာလည်း သူဒေါသမထွက်ပါဘူး
သူက အဲလိုအပြောတွေကြောင့်လည်း
အထိနာသွားမဲ့သူမဟုတ်ဘူး။ မဆိုင်တဲ့သူတွေထိ
အထင်အမြင်လိုက်သေး ရှုပ်ချနေတာတွေတော့
သူသည်းမခံနိုင်။ မြွေပွေးလိုကောင်
သူ့လိုမြွေပွေးလိုလူအတွက် ဖြစ်နိုင်ချေအားလုံးကို တွက်ဆထားပြီးသားကို သူ့ကိုအသုံးချချင်လိမ့်မယ်လို့ပဲ သူမတွက်ဆထားမိတာ.. သူ့အတွက်
အဲလောက်လွယ်မယ်ထင်နေလား..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now