ep16

3K 295 41
                                    

" ငါမင်းအတွက် အခန်းရှင်းပေးထားတယ်လေ
ဒါတောင်မလုံလောက်သေးဘူးလား "

" အဲဒါမရီးစေတနာသန့်သန့်နဲ့ လုပ်ပေးတာ
မဟုတ်ဘူးလား "

မဟုတ်ဘူး မင်းကိုစေတနာ
တစ်စက်လေးတောင် မရှိဘူးဆိုပြီး
တွန်းလွှတ်ပစ်ချင်မိသည်။
ဘာစေတနာလဲ သူရဲ့ညစ်ပတ်ပြီး
အနံ့အသက်မကောင်းတဲ့အခန်းထဲ
သူဘယ်လောက် ကြာကြာရှိနေရအုံးမှန်းမသိလို့
သူ့အတွက်သူ ဒီအခန်းကိုရှင်းပစ်လိုက်တာ..
အဲဒါသူ့အတွက်သူလုပ်တာ..

" ဟမ်း.. "

သူ့ရဲ့လျှို့ဝှက်အပ်တဲ့နေရာတွေသည်
အတားအဆီးမရှိ ထိတွေ့ခံလိုက်ရတော့
သူ့နှုတ်ခမ်းတွေက တားမရဆီးမရ
ညည်းညူသံတချို့ ထွက်ကြလာသည်။
ပြောရရင် လိင်ပိုင်းဆိုင်ရာ အထိအတွေ့
မရှိတာ ဘယ်လောက်ကြာပြီလဲ..
အိမ်ထောင်သည်ဖြစ်ခဲ့ပေမဲ့ ဝန်ကြီးချုပ်က
ကျန်းမာရေးမကောင်းတဲ့သူမလို့
သူတို့တစ်ခုတင်တည်း အတူအိပ်ခဲ့ပေမဲ့လည်း
လိင်မှုကိစ္စတွေနဲ့ ဝေးကွာနေခဲ့သည်။
သူက ပူးပူးကပ်ကပ်မနေတတ်တဲ့သူမလို့
ပို‌ဆိုးသည်။ ဝန်ကြီးချုပ်အတွက် ဝေယျာဝစ္စကိစ္စ
ပြီးရင် သူက လုပ်ငန်းအကြောင်းတွေသာ
လေ့လာရင်း အချိန်ကုန်နေတတ်သည်။

" မရီးအဝတ်တွေချွတ်လိုက်တော့..
မရီးရဲ့ ဆွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းတွေ
ကျုပ်ကိုပြဖို့ အချိန်တန်ပြီထင်တယ် "

သူ့အတွေးတွေက အတိတ်ဆီကနေ
လက်ရှိဘဝဆီသို့ ပြန်ရောက်လာခဲ့သည်။
အခုသူသည် သူ့ယောကျာ်းရဲ့ညီလေးနဲ့
ပတ်သက်မှုတစ်ခု စတင်နေခဲ့ပြီ။ ဘယ်ကဘယ်လို
စပြီး ဘယ်အချိန်မှ အဆုံးသတ်မလဲဆိုတာ
သူကိုယ်တိုင်လည်း မသိနိုင်သေး.. သူတို့ဒီလိုနဲ့
ဒီလိုပတ်သက်မှုတစ်ခုဆီ ရောက်ခဲ့ကြသည်။
ခေါင်းစဉ်မရှိတဲ့ ပတ်သက်မှုမျိုး..

ဆော့ဂျင်သူဝတ်ထားတဲ့ ရှပ်အင်္ကျီကြယ်သီး
တွေကို ဖြုတ်လိုက်ပြီး ချွတ်လိုက်ကာ
အိပ်ရာဘေးတွင် ချလိုက်သည်။ ပြီးတော့
သူ့ခါးပတ်နဲ့ ဘောင်းဘီ၊ အတွင်းဝတ်ကိုပါ
အစဉ်အတိုင်း ချွတ်လိုက်သည်။ ဂျွန်ဂျောင်ဂုက
သူ့ရှေ့မှာတင် သူ့ကိုပေါ်တင်ကြည့်နေသည်။
သူ့ရဲ့ တရားဝင်ယောကျာ်း ဝန်ကြီးချုပ်တောင်
သူအဝတ်လဲနေရင် အခုလို ပေါ်ပေါ်တင်တင် ဘယ်တော့မှမကြည့်ခဲ့ဖူးဘူး။ ဒီကောင်က
အရိုင်းအစိုင်းကောင်မလို့ ဘယ်သူနဲ့မှ
နှိုင်းမနေတော့ပါဘူး။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now