ep45

2K 318 46
                                    

" ဆော့ဂျင် ကိုယ့်မွေးနေ့ပွဲကို လာပေးလို့
ကျေးဇူးတင်ပါတယ် ကိုယ့်အသက်လေးဆယ်
ပြည့်မွေးနေ့က ဆော့ဂျင်နဲ့တင် ပြည့်စုံသွားပြီ "

" မွေးနေ့ကိုဂုဏ်ပြုပါတယ် ဦးစီးယွန်
ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်နိုင်ခွင့်ရပါစေ "

" ကျေးဇူးတင်ပါတယ်ဆော့ဂျင်
ကိုယ့်ဘဝက တော်တော်လေးပြည့်စုံနေပြီဆိုပေမဲ့ လစ်လပ်နေသေးတဲ့နေရာလေးကိုတော့
မွေးနေ့မှာ ဖြည့်ဆည်းခွင့်ရချင်မိတယ်
ဆော့ဂျင်ပေးတဲ့ဆုနဲ့ ‌ပြည့်ပါရစေ "

" အဟမ်း "

သက်ကြီးကောင်နဲ့ကင်မ်ဆော့ဂျင်တို့
အပြန်အလှန် အချိုအသာစကားလှတွေနဲ့ အလှဆင်နေကြတုန်း သူ့ချောင်းသံက
ထိုစကားဝိုင်းကြားမှ ဖြတ်ပေါ်လာခဲ့သည်။
ထိုအခါမှ နှစ်ယောက်သားက သူရှိနေမှန်း
သိပုံရသည်။ အထူးသဖြင့်
အဲဒီသက်ကြီးကောင် ရောက်ကတည်းက ကင်မ်ဆော့ဂျင်ကို မြင်တော့ အလွန်တရာ
ပီတိဖြစ်သွားပြီး အသက်အရွယ်နဲ့မလိုက်တဲ့
အနုအရွစကားတွေနဲ့ သူ့အပျော်တွေကို
ဖော်ပြနေသည်။ မျက်လုံးတွေကလည်း
ကင်မ်ဆော့ဂျင်‌ကိုယ်ပေါ်က တစ်စက်မှ
မခွာသေး။ သူအမြင်ကတ်ကတ်နဲ့
သူတို့စကားဝိုင်းကြား တမင်ချောင်းဟန့်
သံပေးလိုက်မှ သူရှိနေမှန်း သိပုံပေါ်ပြီး
သူ့ကိုတော့ အနှောင့်အယှက်ပေးမဲ့သူလိုမျိုး အတင်းဖုံးဖိထားရတဲ့အပြုံးတွေနဲ့
နှုတ်ဆက်လာသည်။

" ဗိုလ်မှူးဂျွန်ပါ ကျွန်ုပ်ရဲ့မွေးနေ့ကို
တက်ရောက်ပေးတယ်ဆိုတော့ ဒါက
ဂုဏ်ယူစရာကိစ္စလို့ ဆိုလို့ရနိုင်တယ်မလား..
ပုံမှန်ဆို ဗိုလ်မှူးက မိန်းမလှလေးတွေရဲ့
မွေးနေ့တွေကိုပဲ ဂုဏ်ပြုပေးလေ့ရှိတယ်လို့
ကျွန်ုပ်ကြားဖူးတယ် "

" အိုး... "

သူ ထိုသူအပြောကို ထောက်ခံသလို
မှန်ကန်သွားသလို သံရှည်ဆွဲတုံ့ပြန်လိုက်သည်။
သူ ထိုသူရဲ့ရည်ရွယ်ချက်ကို မြန်မြန်သဘောပေါက်ပါသည်။ သူက ဒီစကားကို
ကင်မ်ဆော့ဂျင်ရှေ့မှာ တမင်ပြောချင်တာ
ထိုသူက ကင်မ်ဆော့ဂျင်ကို ကျားချောင်း
ချောင်းနေတဲ့သူဆိုတော့ သူနှင့်ကင်မ်ဆော့ဂျင်နဲ့
ပတ်သက်မှုကိုလည်း အနည်းအကျဉ်း သိထား
တော့မှာပဲ။ ဒီလူကသူ့ကို ပြိုင်ဘက်လိုသဘော
ထားပြီး သူ့ရဲ့ပြစ်ချက်တချို့ကို ကင်မ်ဆော့ဂျင်
ရှေ့မှာ ချနင်းပြီး အမှတ်ယူချင်နေတာ.. အိုး
ပြစ်ချက်ဆိုတာက သူ့အပြစ်လုပ်ထားတာတော့ ဘယ်ဟုတ်မလဲ ကင်မ်ဆော့ဂျင်က ဒါတွေ
ကြိုက်ပုံမရတာကို ဒီလူကသိပြီး ပြစ်ချက်လို
ဖန်တီးလိုက်တာပဲ.. အခုဒီလူက သူ့ကို
တည့်စိန်ခေါ်ချင်တဲ့သဘောလား..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now