ep34

2.1K 323 27
                                    

ဆော့ဂျင်စက်ရုံက စာရင်းဇယားတွေ
လုပ်နေရင်း စိတ်ကမကြာခဏဆိုသလို
စာရင်းဇယားတွေကြားကထွက်ပြီး
အကြည့်တွေက စားပွဲခုံထောင့်နားဆီက
တယ်လီဖုန်းဆီ ရောက်ရောက်သွားသည်။
အချိန်အားဖြင့် မှောင်ရီစပျိုးနေပြီ။
ဒီအချိန်ဆိုရင် တော်တော်များများက
အားလပ်ပြီး အနားယူကြတဲ့အချိန်ဖြစ်သည်။
သူတယ်လီဖုန်းဆက်ဖို့ တွန့်ဆုတ်နေမိသည်။
ဘာရယ်ကြောင့် အခုလိုတွန့်ဆုတ်နေမှန်း
သူကိုယ်တိုင်ပင်မသိတော့။ သူ့ရည်ရွယ်ချက်က
ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့
သူနဲ့ဆွေးနွေးတာမျိုး နည်းနည်းလောက်လုပ်ပြီး လက်ထောက်ကိန်းဝပ်အတွက် အဆင်ပြေသွားစေဖို့ပဲ..
မစ္စမာရင်းတို့ လက်ထောက်ကိန်းဝပ်ကို
စိတ်အနှောင့်အယှက်‌မပေးစေချင်ဘူး။

ဒီနေ့သူတို့ပြန်တော့တောင် ထိုသားအမိက
မနက်ကကိစ္စကို မကျေမနပ်ဖြစ်ပြီး တစ်ချိန်လုံး
သူတို့ကြားအောင် စောင်းချိတ်ပြော‌ဆို
ကျိန်ဆဲနေခဲ့တာ.. လက်ထောက်ကိန်းဝပ်က
သူ့တာဝန်ကြောင့် ဒီကိုရောက်နေတာဖြစ်လို့
ဘယ်လိုလို့ပြန်ပြောရဲမလဲ သူကဝင်ကာပြော
ပေမဲ့လည်း ပိုလို့တောင်‌ဆိုးရွားသွားပြီး
ရိုင်းရိုင်းစိုင်းစိုင်းတွေနဲ့ ပြန်တုံ့ပြန်တယ်။
ဒါက ဂျွန်ဂျောင်ဂုသူ့လူသူပြန်ခေါ်ရုံအပြင်
နည်းလမ်းမရှိတော့ဘူး။ လက်ထောက်ကိန်းဝပ်ကို
ပြန်လွှတ်တော့လည်း သူကသူ့သခင်က
ပြန်ခေါ်မှ ပြန်မည်သူပင်။

ဆော့ဂျင် စိတ်ဆုံးဖြတ်ပြီး တယ်လီဖုန်းကို
ကောက်ကိုင်လိုက်သည်။ ခေါ်ဆိုမှုက
စောင့်‌ဆိုင်းရန်တောင်မလိုခဲ့ တစ်ဖက်က
အသံပြုလာတာကို ကြားလိုက်ရသည်။
တစ်ဖက်ကအသံလိုင်းမှ ဂျွန်ဂျောင်ဂုရဲ့
အသံကို ကြားလိုက်ရတော့ သူ့တစ်ကိုယ်လုံး
တုံ့ဆိုင်းသွားကာ ခဏကြာမှ အသံပြန်ပြုနိုင်ခဲ့သည်။

" ငါ.. "

ဆော့ဂျင်အသံရှူအောင့်ရင်း တုံးတိအသံပြု
လိုက်မိသည်။ တစ်ဖက်က ခေတ္တမျှတိတ်ဆိတ်
သွားတာမလို့ သူထပ်မံအသိပေးလိုက်သည်။

" ငါ ကင်မ်ဆော့ဂျင်.. "

" မရီး.. "

" အင်း.. "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now