ep43

2.3K 286 35
                                    

ဒီနေ့သူ သူပါဝင်တည်ထောင်ထားတဲ့
လူမှုအသင်းကြီးရဲ့ လုပ်ငန်းဆောင်တာ
ကိစ္စရပ်များနှင့်ပတ်သက်ပြီး တစ်ဖက်မြို့ဆီသို့
ရောက်နေတာဖြစ်သည်။ အသင်းက
သူတို့မြို့လေးတွင် ကောင်းစွာအခြေကျနေပြီးတော့
တစ်ဖက်မြို့မှ လုပ်ငန်းရှင်အချို့ကလည်း 
သူတို့အသင်းအား စိတ်ဝင်စား၍
ပူးပေါင်းဆောက်ရွက်မှုများ ကမ်းလှမ်းလာကြသည်။

လူမှုအသင်းတည်ထောင်ရခြင်း
ရည်ရွယ်ချက်က သူတို့လို မျိုးရိုးနိမ့်တွေနဲ့ အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်သည်။ အလုပ်အကိုင်ရှာဖွေရေးနှင့် အရင်းအနှီး
ချေးငွေသတ်မှတ်ပေးပြီး လူတိုင်း
အလုပ်အကိုင်ရရှိပြီး ဆင်းရဲသားလူတန်းစား
ပပျောက်စေရန် ရည်ရွယ်သည်။ အသင်းစတင်
တည်ထောင်တုန်းက လုပ်ငန်းရှင်တချို့ကို
ပါဝင်ဖို့စည်းရုံးခဲ့ကြသေးပေမဲ့ ငြင်းပယ်မှုများ
နှင့်သာ ကြုံခဲ့ရပြီး သူနှင့်လက်တွဲချင်သူ
လေးငါးယောက်လောက်နှင့်သာ
ရုန်းခဲ့ရသည်။ မမျှော်လင့်ဘဲ အသင်းက
အချိန်အနည်းငယ်နှင့် အခြေကျလာပြီး
ကောင်းကောင်းလည်ပတ်လာနိုင်ခဲ့သည်။

ကြာလေ ကြာလေ တိုးတက်မှုအလားအလာ
ရှိလာခဲ့ပြီး တော်တော်များများက
ဒီလူမှုကူညီရေးအသင်းကြီးရဲ့
ဖြစ်တည်မှုကို သိရှိလာကြသလို
အခြေခံလူတန်းစားတွေအတွက်
အကူအညီဖြစ်တယ်ဆိုတာ
လက်တွေ့ခံစားလာရတဲ့အခါ
သူတို့အသင်းက တော်တော်လေး
အသိအမှတ်ပြုခံလာရသည်။
လုပ်ငန်းပညာပေး ဝင်ငွေစီမံရေး
စသည့်စသည့် ပို့ဆောင်ချက်များကို
အလျားသင့်သလို မျှဝေကူညီပေးသည်။

အချိန်အနည်းငယ်အတွင်းမှာပင် လူထုရဲ့
အသိအမှတ်ပြုထောက်ခံမှုကို ရခဲ့ပြီး
အစိုးရဆီက အသိအမှတ်ပြု သဝဏ်လွှာ
‌ချီးမြှင့်ခြင်းခံထားရသည်။ ထိုသို့အသိအမှတ်ပြု
လုပ်ဆောင်ချက်တွေကြောင့် လူကုံထံ
လုပ်ငန်းရှင်များက မျက်စိကျလာကြသည်။
အခုဆိုရင် ရန်ပုံငွေအမြောက်အမြား
လက်ခံထားရပြီး ကောင်းကောင်းလည်ပတ်
လာနိုင်ပြီဖြစ်သည်။

ဒီနေ့အသင်းတည်ထောင်သူအနေနှင့်
သူရှေ့ဆက်လုပ်ရမည့် လုပ်ဆောင်ချက်
ရည်ရွယ်ချက်တွေနှင့် လိုအပ်ချက်များကို
‌ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲက နှစ်နာရီမျှ
အကြာတွင် ပြီးဆုံးသွားခဲ့သည်။
ဆွေးနွေးပွဲပြီးတော့ သူသူ့အခန်းဆီသို့
ပြန်လာခဲ့သည်။ တစ်ဖက်မြို့နဲ့
အသွားအလာက ခရီးထောက်
လှသည်မလို့ ချက်ချင်းပြန်ဖို့မရှိဘဲ
သူတစ်ယောက်တည်းလာသည်လည်း မဟုတ်၍ အဆင့်မြင့်ဇိမ်ခံတည်းခိုခန်းတစ်ခန်း
ငှားယူထားလိုက်သည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now