ep13

2.3K 303 40
                                    

ဆော့ဂျင်အခန်းထဲရောက်တော့
ခုနကယူလာတဲ့ လက်ဆောင်ဘူးနဲ့
စာအိတ်ကို ဖောက်ကြည့်လိုက်သည်။
ပါတီပွဲနေ့က ဦးစီးယွန်ကိုမတွေ့လို့
အမှတ်တရရှိနေမိသေးတယ်။ လူကိုယ်တိုင်
မလာဖြစ်လို့ လက်ဆောင်လက်ဖွဲ့
ပါးလိုက်တာဖြစ်မယ်။ သူလက်ဆောင်ဘူးကို
သာမန်ကာလျှံကာ ဖွင့်ကြည့်လိုက်ပြီး
စာအိတ်ကိုသာ ဖွင့်ဖတ်လိုက်သည်။
စာထဲတွင် လူကိုယ်တိုင်မတက်ပေးနိုင်လို့
အားနာကြောင်းနဲ့ သတိရကြောင်း
တစ်ရက်ရက်တွေ့ဆုံပြီး လက်ဖက်ရည်အတူ
သောက်ကြမည် ဆိုသည့်အကြောင်း
သတိတရ စာရေးသားထားသည်။

ဦးစီးယွန်နဲ့သူနဲ့က အတိုင်းအတာတစ်ခုထက်
ခင်မင်ပါသည်။ သူတို့ဂေဟာအတွက် မြေစာကျ
လာတုန်းက သူအရင်ဆုံး ချဉ်းကပ်ခဲ့မိတဲ့
အရာရှိက ဦးစီးယွန်ပင်။ ဦးစီးယွန်က
သူ့ကိုမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့
ဥပဒေတွေအကြောင်း အများအပြား
ရှင်းပြပေးခဲ့သည်။
သူ့ကို အပိုင်ပြန်ရအောင် မလုပ်ပေးနိုင်ပေမဲ့
စိတ်ရင်းနဲ့ အများကြီး ကူညီပေးခဲ့သည်။
သူ့စက်ရုံမြေတုန်းကလည်း ဦးစီးယွန်ပဲ
အစအဆုံးကူညီပေးခဲ့သေးတယ်။
ဒါကြောင့် ဦးစီးယွန်နဲ့တွေ့ဆုံခဲ့တာလည်း
မိတ်ဆွေကောင်းတစ်ယောက် ရလိုက်သလိုပါပဲ..

သူစာနဲ့လက်ဆောင်ဘူးကို သူ့အဝတ်ဗီရိုပေါ်
အလွယ်တင်လိုက်သည်။ သူတင်ပြီးသွားတော့
ဘေးတွင် လက်ကိုင်အိတ်အဖြူလေးကိုမြင်တော့
ခုနကအဖြစ်အပျက်တွေက ခေါင်းထဲဝင်လာ
ခဲ့သည်။ ဒါက ဟို‌တစ်နေ့က ဂျွန်ဂျောင်ဂု
အခန်းထဲထိ လာပေးတဲ့ လက်ဆောင်
ရေမွှေးအိတ်ပင်။ ထိုကောင်ထွက်သွားပြီးတော့ သူတစ်ခါလောက်သာဖွင့်ကြည့်ပြီး ထိုနေရာတွင်
တင်ထားခြင်းပင်။ အခုထိ အနံ့တောင် မခံဖူးဘူး။

သူထိုနားက ထွက်လာခဲ့ပြီး အဝတ်တွေချွတ်ကာ
ရေချိုးဖို့လုပ်လိုက်သည်။ ရေချိုးခန်းထဲ ဝင်လာခဲ့ပြီး
ရေအေးအေးနှင့်ပင် ဝင်စိမ်ပစ်လိုက်သည်။
ဒီနေ့အတွက် သူသည်းခံနိုင်တဲ့အတိုင်းအတာထက်
ကျော်ပြီး လိုက်လျောခဲ့ရတာမလို့ သူ့တစ်ကိုယ်လုံး
မသန့်ရှင်းသလို ခံစားရ‌၍ ရေအေးနဲ့ဆေးကြောပြီး
နည်းနည်းကြာကြာ စိမ်နေခဲ့သည်။ ဒါပေမဲ့
နေ့တစ်ပိုင်းပဲ ရှိသေးတာမလို့ ကျန်တဲ့အချိန်တွေ
စက်ရုံသွား၍ ရသေးသည်မလို့ ရေချိုးခြင်းအမှုကို
အဆုံးသတ်ပြီး ရေချိုးဝတ်ကိုခြုံကာ
အပြင်ထွက်လာခဲ့သည်။

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now