ep14

2.3K 291 27
                                    

သူအိမ်သို့ ပြန်လာခဲ့လိုက်ရသည်။
ရေချိုးအဝတ်အစားလဲဝတ်ပြီး
ဒီခံစားချက်ပျောက်သွားအောင်လုပ်ဖို့
အိမ်ရောက်တာနဲ့ သူ့အခန်းထဲ တန်းဝင်လာခဲ့သည်။ သူအခန်းထဲရောက်တာနဲ့ ရေချိုးခန်းထဲဝင်လိုက်ပြီး အဝတ်တွေအကုန်ချွတ်ပစ်ကာ ရေချိုးကန်ထဲ
ဝင်စိမ်လိုက်သည်။ တစ်လမ်းလုံးခံစားလာရတဲ့
ပြင်းပြနေတဲ့ဆန္ဒကို ရေအေးနဲ့စိမ်ချပစ်ပြီး
သက်သာဖို့ ကြိုးစားလိုက်သည်။
သူ့ရဲ့ပူလောင်နေတဲ့ခန္ဓာကိုယ်နဲ့ ပြင်းပြနေတဲ့
စိတ်ဆန္ဒက ရေအေးနဲ့စိမ်ထားတာတောင်
မသက်သာနိုင်သေးတော့ သူအသက်ပါ
အောင့်ထားလိုက်သည်။ သူ့ရဲ့သိသိသာသာ
လိုအပ်နေတဲ့ သူ့အောက်ပိုင်းကအရာ..
သူထိုအရာကိုကြည့်မိလိုက်ရင်း လက်တွေက
တဖြည်းဖြည်း သူ့အောက်ပိုင်းဆီ လှမ်းကိုင်
လိုက်သည်။ သူအသက်ကိုလည်း ကြာကြာ
မအောင့်နိုင်သလို ထိုအရာရဲ့ဖြေလျှော့မှုသည်လည်း
သိပ်ပြီးအရာမထင်လှ ပြီးတော့
ရေထဲအတန်ကြာ စိမ်ပြီးသွားတာတောင်
ထူးထူးခြားခြား မသက်သာလာဘူး။

ရာသီဥတုကြောင့်ရော မနက်ကရေအစိမ်
များထားတာကြောင့်ရော သူ့ခန္ဓာကိုယ်က
သိပ်တော့အဆင်မပြေချင်တော့.. သူအခုလို
ခံစားနေရတာ ထိုရေမွှေးကြောင့်ဆိုတော့
သူထိုကောင်ကို ဒေါသထွက်လာမိသည်။

" ဂျွန်ဂျောင်ဂု! ခွေးကောင်! "

ထိုအချိန် ရေချိုးခန်းတံခါးသည်
အချိန်‌ကိုက်ပွင့်လာကာ အလျင်သလိုနဲ့
ဂျွန်ဂျောင်ဂုဝင်လာသည်။

ဂျောင်ဂုက ကင်မ်ဆော့ဂျင် ထွက်သွားပြီးကတည်းက
ပြန်ရောက်လာမဲ့အချိန်ကို ဒူးနှံ့စောင့်နေသည်။
သူထွက်သွားပြီး ခြံစောင့်ကို သူပြန်လာရင်
သူ့ကိုအကြောင်းကြားဖို့ တစ်ခါတည်းမှာကြားခဲ့သည်။
ကင်မ်ဆော့ဂျင်ပြန်လာပြီလို့
အလုပ်သမားတစ်ယောက် လာပြောလာတဲ့အခါ
သူအမြန်ပဲ သူ့မရီးရဲ့ဒေါသထွက်နေတဲ့
မျက်နှာလေးကိုကြည့်ဖို့ မစောင့်နိုင်စွာ
အခန်းထဲသို့ ရောက်လာခဲ့သည်။

သူရောက်လာတော့ ကင်မ်ဆော့ဂျင်က
ရေချိုးခန်းထဲမှာ ရှိနေသည်ကို သိလိုက်ရ၍
ဘာမှမစဉ်းစားတော့ဘဲ ရေချိုးခန်းတံခါးကို
ဖွင့်လိုက်သည်။ တံခါးက လွယ်လွယ်ကူကူပင်
ဝင်၍ရနေသည်။ ကြည့်ရတာ သူ့မရီး
တော်တော်လေး အလျင်လိုနေပုံရသည်။
တံခါးတောင် ဂျက်မချအားဘူး။
သူဝင်လာတော့ ကင်မ်ဆော့ဂျင်က ‌
ရေချိုးကန်ထဲတွင် ‌ဒူးပိုက်လျက်တုန်နေပြီ။
အဝတ်တွေကလည်း အလျင်စလို
ချွတ်ထားပုံပါပဲ ဘေးတွင် အပုံသား..

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now