ep29

2K 305 43
                                    

ဒီနေ့အလုပ်ပိတ်ရက်ဖြစ်တာကြောင့်
မနက်စာကို ခါတိုင်းထက်‌နောက်ကျမှ
စားဖြစ်သည်။ သူမနက်စာစားဖို့‌
စားဖိုဆောင်ထဲဝင်လာတော့
မနက်စာစားနေတဲ့ အယ်ရိုနဲ့ဆုံမိသည်။
အယ်ရိုက သူဝင်လာတာမြင်တော့
မော့ကြည့်ပြီး ပြန်ငုံ့သွားကာ
ထပ်မကြည့်လာတော့။ ဒီလိုဖြစ်နေတာ ရက်ပိုင်းလောက်ရှိနေပြီမလို့ သူတို့ကြားမှာ ဘာပြဿနာရှိထားလဲ သူစတင်တွေးမိလာသည်။
အယ်ရိုက သူနဲ့ဆုံတိုင်း အကြောင်းအရင်းမရှိ
လျစ်လျှူရှုထားတတ်သည်။ အရင်တုန်းကလို
ပုံစံမျိုးလုံးဝမဟုတ်ဘဲ သူ့ကိုစိတ်ကောက်နေတယ်လို့
သူထင်မိသည်။ ဘာလို့ပါလိမ့်..

သူမနက်စာစားနေရင်း တစ်ချက်တစ်ချက်
အယ်ရိုကိုအကဲခတ်ကာ သူ့ကို အယ်ရို
စိတ်ကောက်နေရခြင်း အကြောင်းအရင်းကို
တွေးနေမိသည်။ သူ့ဦးလေးငယ်ကြောင့်
သူ့ကိုမခေါ်ရတာဆိုတာက ဖြစ်နိုင်ချေမရှိ။
သူနှင့်ဂျွန်ဂျောင်ဂု ပြဿနာဖြစ်ထားတယ်ဆိုတာ
မည်သူမှသိသည်မဟုတ်။ ဒီအတိုင်း
သူ့အဖွားတွေစကား နားယောင်သွားပြန်လို့လား..
သူတို့ပြန်စိမ်းကားသွားတာ
ပြိုင်ပွဲပြီးတဲ့နေ့ကတည်းကပဲလေ မဟုတ်မှ..

" အယ်ရို မင်းအချိန်မရလို့လား
မင်းငါ့ကို သေနတ်ပစ်သင်ပေးဖို့မေ့သွားပြီလား "

သူကထိုကိစ္စကြောင့်ဖြစ်မယ်ထင်၍
အယ်ရိုကို အစဖော်ပြောလိုက်တော့
အယ်ရိုက တစ်ချက်သာ မော့ကြည့်ပြီး
ခေါင်းပြန်ငုံ့သွားကာ မနက်စာကို
စိတ်မပါလက်မပါ ထိုးစွနေသည်။
သူ့ကို အကြောင်းအရင်းတစ်ခုခုကြောင့်
စိတ်ကောက်စိတ်ခုနေတာကတော့ မှန်နေပြီ။
သေနတ်ပစ် မသင်ရသေးတဲ့ အကြောင်းအရာ
မဟုတ်ရင် ဘာဖြစ်မလဲ။

" ဘာလို့လဲ တစ်ခုခုဖြစ်လို့လား
ဘာအခက်အခဲရှိလို့လဲ "

တခြားအကြောင်းအရာများရှိနေမလား
သူမေးလိုက်ပေမဲ့ အယ်ရိုက နေမြဲအတိုင်းသာ
မလှုပ်မယှက်ရှိနေသည်။

" ငါမင်းဆီက သေနတ်ပစ်မသင်သေးလို့
မင်းငါ့ကို ကတိမတည်ဘူးလို့ ထင်နေတာလား
ငါက ကတိတည်မှာပါ။ ဒီရက်ပိုင်း ငါမအားတာမလို့.. "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now