ep25

2K 302 39
                                    

" အဲဒီကင်မ်ဆော့ဂျင်ဆိုတဲ့ အပျော်မယ်ကောင်ကို
ကြည့်လို့မရပါဘူးဆို ဂျွန်အယ်ရို ဂျွန်အယ်ရို
ဘာကိစ္စခေါ်ချင်ရတာလဲ မင်းသူနဲ့ ဘယ်တုန်းက
အဲလောက်ရင်းနှီးသွားရတာလဲ "

" မဟုတ်ပါဘူး မဒမ်ကင်မ်က ဒီအတောအတွင်း
ကျွန်တော့်ကို အများကြီးကူညီထားလို့ပါ "

" ဘာကူညီတာလဲ ဘာကူညီညီ သူက
သူ့အတွက်အကျိုးရှိလို့လုပ်တာ နင့်ကို
ကောင်းပြပြီး အမွေတွေမျက်စောင်းထိုးနေတာ
အမွေတွေရှိနေလို့ သူသည်းခံလုပ်နေတာ
ဘာကိုကူညီရမှာလဲ "

" ဒါပေမဲ့လည်း.. "

" မာမီပြောတာမှန်တယ်အယ်ရို
နင်ကကလေးမလို့ လှည့်စားလို့လွယ်နေတာ
သတိထားနေ သူကနင့်ကို အချိုသပ်ပေါင်းနေတာ
လူကြီးတွေကိုဆို အဲလိုလုပ်လို့မရမှန်းသိလို့လေ "

ဟယ်လင်က သခင်လေးဂျွန်ကို ရည်ရွယ်ရင်း
ပြောလိုက်သည်။ သခင်လေးဂျွန်‌ကိုတော့
သူ့ညီမကိုကပ်ပြီး ပေါင်းခိုင်းထားတာ သိ‌တာပေါ့
သခင်လေးဂျွန်က သိလို့သာ အကပ်မခံတာ..

" မင်းဒေါ်လေးငယ်ပြောတာမှန်တယ်မြေးလေး
မင်းအပေါ်ကောင်းပြနေတယ်ဆိုတာ အယောင်ပြပဲ
သူမင်းအဖေကို လက်ထပ်ခဲ့တယ်ဆိုတာကလည်း
အခုလိုပိုက်ဆံတွေမက်ပြီး လုပ်ချင်သလိုလုပ်ရဖို့
အကွက်ဆင်ပြီး လက်ထပ်ယူခဲ့တာ
သူကပိုက်ဆံအတွက်ဆို ဘာပဲလုပ်ရလုပ်ရ လုပ်နေတာ
အခုလည်း စက်ရုံအသစ်ဆိုတာ ဘယ်ကသူတွေနဲ့ ဘယ်လိုပတ်သက်ပြီး ဘယ်လိုတွေ
အကူအညီတောင်းထားပြီး ရလာလည်းဆိုတာ
သိတာမဟုတ်ဘူး။ သူ့မှာအဲလောက်ပိုက်ဆံအများကြီး ဘယ်ကများရသလဲ ကြောက်ဖို့ကောင်းလိုက်တာကွယ်
ဘယ်တော့များ အပုတ်တွေပေါ်ပြီး အရှက်တကွဲအကျိုးနည်းဖြစ်မလဲ တွေးရင်း
ရင်ပူမိတယ် တကယ်တမ်းဖြစ်လာရင်
ဂျွန်အိမ်တော်က ဝန်ကြီးချုပ်ကတော်ဆိုတဲ့
နာမည်တွေက အရင်လာမှာ "

" ဟုတ်ပါ့မာမီရယ် အခုလည်း မြေတိုင်းဦးစီးက
လူနဲ့ တတွဲတွဲပဲ ယူမှာဖြင့်ရင်လည်း ယူလိုက်
ကြတာမဟုတ်ဘူး။ လူမြင်မကောင်းအောင်
တွဲသွားတွဲလာလုပ်ပြနေတာ ကလေးတွေကလည်း
လက်ခံနေတာ ဘယ်လိုများသိမ်းသွင်း
ထားလည်းတော့မသိ ကလေးတွေက အကုန်
ကြည်ဖြူနေတယ် "

ငါ့ယောကျာ်းရဲ့ညီ [✓]Where stories live. Discover now