အမှာစာ
20.4K 675 10
အားလုံးဘဲ မင်္ဂလာပါရှင့်။
လင်းရဲ့တတိယမြောက်ဖန်တီးမှုလေးနဲ့အတူပြန်လာခဲ့ပါပြီရှင့်။
နွံဆိုတဲ့ ဇာတ်လမ်းဟာ 2010ခုနှစ်ဝန်းကျင်ကို အခြေခံထားတာဖြစ်ပြီး လင်းလက်လှမ်းမှီသလောက်အတတ်နိုင်ဆုံးတော့ အဲ့အချိန်ကာလနဲ့အနီးစပ်ဆုံးကြိုးစားထားပါတယ်။ဇာတ်လမ်းပါအကြောင်းအရာအကုန်လုံးက လင်းရဲ့စိတ်ကူးသက်သက်ဖြစ်တာမို့ အပြင်လောကနဲ့အနည်းငယ်ကွဲလွဲနေတာများရှိရင် နားလည်ပေးဖို့မျှော်လင့်ပါတယ်။
1.5.2024မှာ အပိုင်းတစ်နဲ့အတူပြန်ဆုံကြမယ်နော်။
Edit -ဒီနေရာမှာသက်ဆင်းနွံရဲ့ကာရိုက်တာနဲ့ပက်သက်ပြီးပြောပြချင်လို့ပါ။စပွိုင်သလိုဖြစ်သွားလောက်ပေမယ့်သေချာလေးဖတ်ကြည့်ပေးဖို့မေတ္တာရပ်ခံပါတယ်။ပထမဆုံးပြောချင်တာက သက်ဆင်းနွံသည် အော်တစ်ဇင်မဟုတ်ပါ။တုံ့ပြန်မှုနှေးကွေးတဲ့ကောင်လေးလည်းမဟုတ်ပါ။အမေဖြစ်သူက မလိုချင်လို့ခဏခဏကိုယ်ဝန်ဖျက်ချပေမယ့် အသက်ပြင်းလို့မသေတာမျိုးပေါ့။အဲဒီဆိုးကျိုးက ကလေးမှာသွားထိပြီး အာရုံကြောတွေထိကုန်တာပါ။အလွယ်ပြောရရင် သန္ဓေသားပျက်စီးသွားတာပေါ့။syndromeဆိုတဲ့ရောဂါအုပ်စုထဲမှာပါပါတယ်။တစ်ယောက်နဲ့တစ်ယောက်ရောဂါအခြေအနေဖြစ်ပုံ​ခြင်းတော့မတူကြဘူးပေါ့နော်။တစ်ချို့ကလေးတွေကျ လုံးဝစကားမပြောနိုင်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ပိုပြီးသေချာသိချင်ရင် ဂူးဂဲလ်မှာရှာကြည့်လို့ရပါတယ်။
သက်ဆင်းနွံက စကားထစ်ပြီး မျက်ကြောလိုက်ပါတယ်။တစ်ခါတလေ ဇက်စောင်းသွားတတ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာထိခိုက်တာမျိုးပါဘဲ။ဉာဏ်ရည်ကတော့ သာမန်ဉာဏ်ရည်ပါဘဲ။မသိတဲ့လူတွေနဲ့ဆို ငြိမ်ပေမယ့် သူနဲ့ရင်းနှီးသွားရင် ခပ်စွာစွာပုံစံလေးပါ။ကျေးဇူးတင်ပါတယ်ရှင်။
ချစ်တဲ့အလင်း🍁
ချစ်တဲ့အလင်း
နှံ(Completed )Where stories live. Discover now