At YK Private school;"ငါလိုးမသား !"
"ခွပ်! "
"ခွပ်!"
အခါများစွာကလိုဘဲ ပုံမှန်ဖြစ်နေကျရန်ပွဲမို့ကျောင်းသားကျောင်းသူတွေက အထူးအဆန်းသိပ်မလုပ်ကြ။တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန် ထိုးကြိတ်မယ်။ပြီးရင်တော့ ဒီကျောင်းသားနှစ်ယောက်ကတွေ့တာနဲ့ ကိုက်ကြမယ်။
"ဟားဟား!မင်းအဖေကအခြောက်ကြီးလေ။အဲတော့မင်းလည်းအခြောက်ဘဲမလား။အခြောက်မို့လို့ အခြောက်လို့ပြောတာကွာ မင်းကဘာဖြစ်ချင်လို့လဲ။ဘာဖြစ်ချင်လဲ ဟေ့ကောင်
"ဟန်သစ်လွင်...မင်းစောက်ပါးစပ်ကိုပိတ်ထားလိုက်"
ရစ်က ဟန်သစ်လွင်ရဲ့အင်္ကျီကော်လံစကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲလိုကိပြီးမျက်နှာကိုလက်သီးနဲ့ချိန်ရွယ်လိုက်တယ်။အဲဒီနောက် ခပ်ပြင်းပြင်းဆောင့်တွန်းချလိုက်တာကြောင့် ဟန်သစ်လွင်ကကြမ်းပြင်ပေါ်လဲကျသွားတယ်။ဟန်သစ်လွင်ရဲ့မျက်နှာကလည်း စုတ်ပြတ်နေပြီး နှုတ်ခမ်းထောင့်စွန်းမှာလည်း သွေးတွေစို့နေတယ်။ရစ်နှောင်ကြိုးရဲ့ အင်္ကျီကလည်းပုံပျက်ပန်းပျက်ဖြစ်နေပြီး မျက်ခုံးထောင့်မှာသွေးစို့နေသေးတယ်ါ
"ဟာ...ဟေ့ကောင် ရစ်။ထတော့ ထတော့ဆရာမရောက်လာရင် ပြဿနာတက်ကုန်တော့မှာဘဲကွာ။မင်းတို့ကောင်တွေကလည်း မတားဘဲနဲ့ကြည့်ကောင်းနေကြတာလား
ညီမင်းညိုက ဘေးကလူတွေကိုပါပိတ်ဟောက်လိုက်ပြီး ဟန်သစ်လွင်ကိုတက်ခွထားတဲ့ရစ်ကို အတင်းဆွဲခေါ်တယ်။အဲဒီအချိန်မှစ်မှရစ်က စိတ်မပါလက်မပါနဲ့ထလာတယ်။ရစ်နဲ့ဟန်သစ်လွင်တို့ဆိုတာ တွေ့တိုင်းကိုက်နေကြသူတွေဖြစ်လို့
(Grade-9 )special classက ရစ်နှောင်ကြိုးနဲ့ ဟန်သစ်လွင်ကိုဆိုမသိတဲ့လူမရှိ။အဖေများ၏အရှိန်အဝါကြောင့်လား ဒါမှမဟုတ် သူတို့နှစ်ယောက်ရဲ့ဆိုးသွမ်းမှုကြောင့်လားဆိုတာတော့ ကာယကံရှင်တွေသာသိကြလိမ့်မယ်။"ဟမ့်! အခြောက်ရဲ့သားလေးက ကြောက်ပြီးထွက်ပြေးသွားပြီ။ဟားဟား "
ဟန်သစ်လွင်နဲ့သူ့သူငယ်ချင်းတွေက ပြဿနာကိုအတောမသတ်နိုင်ဘဲ ရစ်ကိုလှောင်ကြပြန်တယ်။ရစ့်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊အံကိုကြိတ်လိုက်ရင်း.
YOU ARE READING
နှံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "