ဒီနေ့မြတ်မွေးနေ့မို့ မနက်ပိုင်းကမေနဲ့အတူ ဘုရားကြီးသို့သွားခဲ့ပြီး အပြန်တွင်မိဘမဲ့ကလေးအယောက်တစ်ရာအတွက် ထမင်းနှစ်နပ်စာလာကျွေးဖြစ်တယ်။လတိုင်းလာလှူနေကျဖြစ်တဲ့ ဒီဂေဟာလေးကို မြတ်ခင်တွယ်တယ်။မနူးညံ့ဘူးလို့ထင်ရတဲ့ သူမရဲ့အတွင်းစိတ်လေးမှာတော့ ကလေးငယ်လေးတွေအပေါ်သိပ်ချစ်တတ်တယ်။တာဝန်ရှိဆရာမက မြတ်ကိုလာခေါ်တာကြောင့်လိုက်သွားလိုက်ပြီး ကလေးငယ်တွေကိုပုံပြောပြနေသည့် မေ့အနားသွားလိုက်တယ်။
"မမမြတ် ပြန်တော့မလို့လားဟင် "
"အင်း တို့လည်းအချိန်သိပ်မရလို့လေ။ပြန်ကြတာပေါ့ "
ကလေးတွေကိုနှုတ်ဆက်တော့ အကုန်လုံးကမပြန်စေချင်ကြပေ။မေ့ကိုချော့မော့ပြီးပြန်ခေါ်လာမှ တိတ်ဆိတ်နေသည့်မေ့ဆီက ပကားပေါ်လိုက်လာတယ်။အိမ်ပြန်လမ်းတစ်လျှောက်ထမဆုံးထွက်လာတဲ့စကားကြောင့် ကားစတီယာရင်ကိုတင်းတင်းဆုပ်ကိုင်ထားလိုက်မိတယ်။
"မမမြတ် စေ့စပ်လိုက်ပြီဆို။ဘယ်သူနဲ့လဲ။မေ့ကိုရော ဘာလို့မပြောတာလဲ"
မြတ်က စိတ်သက်သာရာရအောင် အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ရင်း လေသံခပ်အေးအေးနဲ့တည်ငြိမ်စွာပြန်ဖြေတယ်။ဒီအချိန်မှာမြတ်သာ ဘေးကိုစောင်းငဲ့ကြည့်လိုက်ရင် မေ့မျက်ဝန်းမှိုင်းတွေနဲ့ကျိန်းသေဆုံမှာပါဘဲ။
"မင်းစာမေးပွဲဖြေနေချိန်မို့လေ။အနှောင့်အယှက်ဖြစ်မှာဆိုးတာနဲ့အန်တီတို့ကိုဘဲ အသိပေးလိုက်တာ။သူ့နာမည်က ဇေယျာဝင်းညွန့်တဲ့။မင်းတို့နဲ့ရွယ်တူပါဘဲ။တို့ထက်ငါးနှစ်ငယ်ပေမယ့် လုပ်ငန်းတစ်ခုကိုဦးဆောင်နိုင်တဲ့အရည်အချင်းရှိတယ်။အိမ်ထောင်ဖက်အဖြစ် သင့်တော်မယ်ထင်လို့၊နောက်ပြီး ရွေးချယ်သင့်တယ်ထင်လို့ ခေါင်းညိတ်လိုက်တာ"
"အချစ်မပါဘဲ ဦးနှောက်နဲ့ဆုံးဖြတ်လိုက်တာပေါ့လေ ဟုတ်လားမမမြတ်"
"ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရတဲ့အခြေအနေမျိုးတွေရှိတယ်။အရာရာမှာနှလုံးသားအလိုကိုဘဲလိုက်လို့မရဘူး ချာတိတ်"
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "