"ရစ်လေးရေ နိုးရင်တံခါးလေးဖွင့်ပေးပါဦး"
အခန်းရှေ့ကကြားလိုက်ရတဲ့ဦးငယ်အသံကြောင့် ရစ်အိပ်ရာကမထသေးဘဲ နှစ်ပတ်လောက်လှိမ့်လိုက်သေးတယ်။အိပ်မှုန်စုံဖွားဖြင့် စားပွဲပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့ နံနက်ဆယ်နာရီတောင်ထိုးတော့မယ်။သူဒီလောက်တောင်အိပ်ပစ်လိုက်မိတာလားလို့ တွေးနေချိန်မှာဘဲ ဦးငယ်အသံကိုထပ်ကြားလိုက်ရတယ်။
"လာပြီလို့ ဦးငယ်ရဲ့"
တံခါးဖွင့်ပေးလိုက်ပေမယ့် ရစ်ကမျက်စိမပွင့်သေးဘဲတံခါးဘောင်ကိုမှီထားတယ်။
"ဘယ်အချိန်တောင်ရှိနေပြီလဲ ဒီနေ့စာချုပ်လက်မှတ်ထိုးရမှာလေ "
ဦးငယ်သတိပေးခါမှ သူသတိရသွားတယ်။နောက်ပြီးအနွံလေးကိုလည်း အလုပ်လိုက်ပို့မယ်လို့သူပြောထားသေးတယ်။။အလုပ်ကနေ့ခင်းမှဆိုတော့ ကိစ္စမရှိပေမယ့် စာချုပ်ချုပ်ဖို့ချိန်းထားတာကတော့နေ့လည်ဆယ့်နှစ်နာရီ။သူအခုချက်ချင်းပြင်ဆင်မှသာ တော်ကာကျမှာ။
"ကျွန်တော်မေ့နေတာ ဦးငယ်ရဲ့။ရေချိုးပြီးဆင်းလာမယ်နော်၊ ဦးငယ်လိုက်ပို့မှာလား "
"Exactly!ဒါနဲ့ ဒီအင်္ကျီဝတ်ပြီးဆင်းခဲ့နော် "
ဦးငယ်က သူ့လက်ထဲအိတ်ကိုအတင်းထိုးပေးလာတယ်။ယူတော့ယူလိုက်ပေမယ့် ရစ်ကဘဝင်မကျ။
"အဝတ်အစားတွေကအများကြီးရှိတာကို အပိုကုန်အောင်ဝယ်လာပြန်ပြီလားဦးငယ်ရဲ့"
"ဦးငယ်ဝယ်လာတာမဟုတ်ဘူး၊သားဒယ်ဒီက သားအတွက်ဆိုပြီးမနေ့ညနေကဝယ်လာတာလေ။ဧည့်သည်တွေကိုအပြင်လိုက်ပို့ရင်းနဲ့သားကိုသတိရလို့တဲ့။သားဒယ်ဒီစိတ်ချမ်းသာအောင်ဝတ်ပေးလိုက်ပါကွာ"
"ဒယ်ဒီကလား။သေချာပေါက် ကျွန်တော့်အတွက်ဆိုပြီး ဒယ်ဒီကဝယ်လာခဲ့တာလား"
ရစ်က သူ့ကိုယ်သူလက်ညှိုးထိုးပြီးနှုတ်ခမ်းတွန့်ရုံပြုံးတယ်။အထဲကဘာပါသလဲဆိုတာတောင်မကြည့်နိုင်တော့ဘဲရေချိုးခန်းထဲ အပြေးအလွှားပြေးဝင်သွားတော့တယ်။ဒါဟာဒယ်ဒီ့ဆီက သူပထမဦးဆုံးရခဲ့ဖူးတဲ့ လက်ဆောင်လေးလို့ပြောရင်လည်းမမှားပါဘူး။
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "