အချိန်အားဖြင့် နံနက်ခုနစ်နာရီတိတိ။စာမေးပွဲနောက်ဆုံးရက်မို့ ရစ်နှောင်ကြိုးစိတ်လှုပ်ရှားနေတယ်။စာမေးပွဲအတွက်တော့မဟုတ်။ညနေကျရင် အနွံနဲ့အတူလျှောက်လည်ရမှာမို့အူမြူးနေခြင်း။တစ်နှစ်ပတ်လုံး စာမေးပွဲနားနီးမှသာ ရစ်ကစာလုပ်ပေမယ့် ပင်ကိုယ်ဉာဏ်ကောင်းသူမို့ စာကိုဂရုတစိုက်လေးလုပ်လိုက်ရင် ခဏလေးနဲ့ရတယ်။ရှေ့ငါးဘာသာလုံးကိုလည်း သေချာဖြေခဲ့တာမို့ အောင်ကိုအောင်မယ်ဆိုတာယုံတယ်။ကိုယ်ကတော့ အောင်အောင်ဖြေခဲ့တာဘဲ။စာစစ်ဆရာမတွေ မျက်စိလျှမ်းပြီး အောင်အောင်ကကိုယ်နဲ့မလိုက်ချင်ရင်တော့ မတတ်နိုင်လို့ ရစ်နှောင်ကြိုးတွေးလိုက်တယ်။
"ရုပ်လေးနဲ့မှမလိုက် ပေါတောတောတွေသိပ်လုပ်တယ်နော် မှန်ထဲကကောင် "
ရစ်နှောင်ကြိုးက မှန်ကိုကြည့်ကာ ခေါင်းဖြီးနေရင်း သွားတန်းလေးတွေပေါ်သည်အထိ ရယ်လိုက်ကာ မှန်ထဲကပုံရိပ်နှင့်စကားပြောနေတော့တယ်။ပြီးနောက် ပန်းသီးစိမ်းနံ့ရေမွှေးကိုသူ့တစ်ကိုယ်လုံးပတ်ဖြန်းလိုက်တယ်။နက်ခ်တိုင်ကိုစည်းလိုက်ပြီးနောက် ခြေအိတ်ဝတ်ကာ ရှူးဖိနပ်အမည်းရောင်ကိုစီးလိုက်တယ်။အားလုံးပြင်ဆင်ခြယ်သပြီးတာနဲ့ လွယ်အိတ်ကိုပုခုံးတစ်ဖက်တည်းကလွယ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်တယ်။
"သားသား ညနေစာမေးပွဲဖြေပြီးတာနဲ့တန်းပြန်လာနော်။ကြီးမေတို့ မန္တလေးတက်ရမယ် "
အစကနဦးက စဥ်းစားထားသည့်စိတ်ကူးတို့ဟာ ကြီးမေရဲ့စကားကြောင့်ကြက်ပျောက်ငှက်ပျောက်ပျောက်သွားရတယ်။ရစ်နှောင်ကြိုးရဲ့ မျက်နှာဟာ လမိုက်ညလိုမည်းမှောင်သွားတာကို ဒေါ်ရွှေမြတ်ကသတိထားလိုက်မိတော့ ရစ်နှောင်ကြိုးရဲ့အနားသို့ တဖြည်းဖြည်းလျှောက်လာတယ်။
"အဆင်မပြေတာရှိလို့လား သားသား"
"စာမေးပွဲဖြေပြီးရင် သူငယ်ချင်းတွေနဲ့မုန့်သွားစားမို့"
"အင်း နွေရာသီသုံးလလုံး မန္တလေးမှာဘဲနေရမှာဆိုတော့ ဒီတစ်ခုတော့လိုက်လျောလိုက်မယ်။သုံးနာရီအမီပြန်လာခဲ့"
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "