အံ့ဘုန်းအလုပ်လုပ်ခဲ့တဲ့တစ်လျှောက်မှာ နားရက်ဆိုလို့တစ်ရက်တလေတောင်မယူဖြစ်ခဲ့ဘဲ အလုပ်အပေါ်မှာဘဲ အာရုံစိုက်ခဲ့မိတယ်။လုပ်ငန်းမှာသူမတူအောင်ထူးချွန်ခဲ့ပေမယ့် မိသားစုအတွက်တော့သူဟာတာဝန်မကျေနိုင်ခဲ့ဘူး။ရစ်လေးရဲ့စာမေးပွဲကလည်းပြီးပြီဆိုတော့ သားနဲ့မျက်နှာချင်းဆိုင်သူစကားပြောချင်တယ်။အလုပ်ကိုတစ်ရက်လောက်မန်နေဂျာနဲ့လွှဲခဲ့လိုက်ပြီး အိမ်မှာအေးဆေးအနားယူဖို့ဆုံးဖြတ်ထားတယ်။
"ကိုကို ဘာတွေလုပ်နေတာလဲ "
စားပွဲပေါ်မှာ ဂျာနယ်တွေကိုဖြန့်ချထားရင်း ဘောပင်တစ်ချောင်းနဲ့အလုပ်ရှုပ်နေတဲ့အံ့ဘုန်းက အငယ့်ခေါ်သံကြောင့်ခေါင်းမော့ကြည့်လိုက်တယ်။သူ့အရှေ့ခုံမှာ နေရာတကျထိုင်နေတဲ့အငယ်က လက်ထဲမှာတော့ပန်းသီးတစ်လုံးကိုင်ထားပြီးအခွံနွှာနေတယ်။
"ရစ်လေးအတွက် သင်တန်းတွေစုံစမ်းကြည့်နေတာ။ဂစ်တာလည်းတီးတတ်တယ်ဆိုပေမယ့် သေချာသင်ချင်တယ်လို့အငယ့်ကိုပြောဖူးလို့လေ။နောက်ပြီး ကိုကို့မိတ်ဆွေတစ်ယောက်က ရေချိုးဆပ်ပြာအသစ်ကိုစမ်းထုတ်ကြည့်တာလေ စျေးကွက်ထဲဖြန့်တဲ့အချိန်အောင်မြင်တယ်ပြောရမလားဘဲ"
"ဟုတ် ကိုကို "
"ကိုကိုတို့ကလုပ်ငန်းချင်းတော့မတူကြပေမယ့် တစ်ချို့ပွဲတွေမှာဆုံဖူးတာလေ။အငယ့်ကိုခေါ်မသွားတာက လုပ်ငန်းရှင်တွေသီးသန့်တွေ့တဲ့ပွဲတွေဆိုတော့ ပါတနာတွေခေါ်လို့မရလို့။အဲဒါကြောင့်ပါ အငယ်မသိဘဲ သီးသန့်သွားတာမျိုးမဟုတ်ဘူးနော်။သတိတရပြောဖို့ ကိုကိုမေ့သွားတာ"
နှောင်ကြိုးငယ်က ခပ်ဟဟရယ်မောလိုက်တယ်။သူနဲ့ကိုကိုက စီးပွားရေးမေဂျာချင်းတူခဲ့တာတောင် ကိုကိုကသူ့ထက်အရာရာမှာတစ်ကွက်ကြိုမြင်ပြီးထူးချွန်နေတာမျိုး။အခုလည်း သူစိတ်ခုမှာဆိုးလို့ မနည်းရှင်းပြနေပုံက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လို။အသက်တွေကြီးမှတလေးတစားနဲ့အချစ်ခံနေရတော့လည်း ရင်ထဲတသိမ့်သိမ့်။
"ကျွန်တော်က အခုဘာများပြောနေလို့လဲ ကိုကိုရဲ့"
"အငယ်စိတ်ခုမှာဆိုးလို့ပါ။ကိုကို့အပြုအမူတွေကြောင့်အငယ်အမြဲအနာတရဖြစ်ခဲ့ရတယ်လေ။အငယ့်ရဲ့ ရိုးရှင်းတဲ့စိတ်အလုံးစုံကို ကိုကိုနားလည်ပေမယ့် အပြစ်ရှိစိတ်နဲ့ယူကြုံးမရဖြစ်နေခဲ့ရတာဒီကောင်လေ အငယ်ရဲ့ "
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "