Part-34

18.9K 948 53
                                    

"အနွံ အဲဒီအလုပ်ကနေအခုချက်ချင်းထွက်လိုက်တော့!"

အမေက ဒေါသတကြီးနဲ့ထ်ိုင်နေရာကနေ မတ်တတ်ထရပ်ပြီး အော်တယ်။အမေ့အော်သံကြောင့် တုန်တက်သွားတဲ့အနွံ့ကို ကိုကိုကသူ့ရင်ခွင်ထဲဆွဲသွင်းပြီးဖက်ထားတယ်။

"ဟုတ်တယ် အနွံ။ကိုကို့သဘောကလည်း အန်တီမေမေနဲ့ထပ်တူဘဲ။အဲဒီလူက အနွံ့ဖေဖေဆိုပေမယ့် သူအနွံ့ကိုဘာလုပ်နိုင်တယ်ဆိုတာ ကိုကိုတို့မသိဘူး။အန္တရာယ်များပါတယ် ကလေးရယ်။နော် ကိုကိုပြောတာနားထောင်ပါ။အနွံ အလုပ်ဆက်လုပ်ချင်တယ်ဆိုရင် အဆင်ပြေမယ့်နေရာကိုကိုရှာပေးပါ့မယ်"

"သူ...သူလည်း ဆိုင်မှာ အ...အမြဲမရှိပါဘူး ကို...ကိုကိုရဲ့။အ...အနွံက သူ့သားဘဲ မ...မဟုတ်ဘူးလားဟင်။အ...အနွံ့ကို အန္တရာယ်ပြုနိုင်လို့လား။အ...အနွံ့ကို မ...မချစ်ဘူးလား"

"အနွံ အမေ့ကိုချစ်တယ်မလား သား။အမေ့စကားနားထောင်နော် ။အမေကလေ သားအန္တရာယ်ဖြစ်မှာကို ကြိုခံစားမိတယ်။အမေတို့သားအမိဘဝမှာ သူ့ကိုအရင်ကလည်းမလိုသလို အခုလည်းမလိုအပ်ဘူးလေ။အမေရင်ကျိုးအောင် မလုပ်ပါနဲ့ကလေးရယ်။အမေ့ဘဝမှာ သားဘဲရှိတာ။သားကိုအရာအားလုံးနဲ့ အမေလဲခဲ့ရတာ။စကားနားထောင်နော် "

အမေ့မျက်ရည်တွေကိုတသွင်သွင်စီးကျနေတဲ့အခါ အနွံ့ရင်ထဲနာတယ်။အမေ့ကိုမျက်ရည်ကျအောင် အနွံမလုပ်ချင်ဘူး။အမေ့ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး လက်မလေးနဲ့မျက်ရည်တွေကိုဖိသုတ်ပေးလိုက်တယ်။

"မ...မငိုပါနဲ့ ။သုံး...သုံးရက်လောက်တော့ ရ...ရတယ်မလား အ...အမေ။အ...အနွံ လက်...လက်ခံပေးထားတဲ့ ပွဲ...ပွဲတစ်ခုရှိလို့။အဲ...အဲဒါပြီးရင် တ...တကယ်ထွက်မယ်"

သုံးရက်ဆိုတဲ့အတိုင်းအတာဟာ ခဏလေးအတွင်းမှာကုန်သွားမှာမို့ သက်လွန်းမေလည်းလက်ခံလိုက်တယ်။အဲဒီသုံးရက်လုံးမှာ သူမကိုယ်တိုင် အနွံ့ကိုအကြိုအပို့လုပ်ရင် အဆင်ပြေသွားမှာပါ။
အဲဒီလူရဲ့ဝေးရာမှာ  သားကိုထားမယ်။သားရဲ့အရိပ်ကိုတောင် အဲဒီလူမနင်းစေရဘူး။

"လိမ္မာတယ်"

သက်လွန်းမေက အနွံ့ဘေးဝင်ထိုင်လိုက်ပြီး ပါးဖောင်းဖောင်းလေးကိုနစ်နေအောင်နမ်းလိုက်တော့ အနွံ့ရယ်သံလွင်လွင်လေးဟာ ထွက်ပေါ်လာတယ်။

နွံ(Completed )Where stories live. Discover now