ယနေ့ ကြီးမေကိုကားဂိတ်မှာသွားကြိုနေရတော့ အနွံ့ဆီသွားဖို့ကမဖြစ်နိုင်တော့ပေ။ခါတိုင်းဆို အိမ်ကကားနဲ့ဘဲရန်ကုန်ပြန်ဆင်းနေကျကြီးမေက ဒီတစ်ခါတော့ လိုင်းကားစီးပြီးပြန်လာလို့ ရစ်မှာအံ့သြခဲ့ရသေးတယ်။ကြီးမေက စိတ်ရှုပ်မခံတတ်တဲ့လူမျိုးမဟုတ်လား။အခန်းထဲမှာပစ္စည်းတွေနေရာချပေးပြီး အိမ်အပြင်ကိုအထွက်...
"သားသား အခုကျောင်းသွားဖို့မဟုတ်ဘူးလား။ဆိုင်ကယ်ဖြစ်ဖြစ် စက်ဘီးဖြစ်ဖြစ်ဘာလို့ယူမသွားတာလဲ"
"သူငယ်ချင်း စက်ဘီးနဲ့အတူသွားတာမို့ ကြီးမေ။သူ့အိမ်ကို လမ်းလျှောက်သွားမှာ"
"အို...ကိုယ့်မှာရှိရက်နဲ့ ဘာကိစ္စသူများဟာကိုကပ်စီးနေရတာတုန်း။နောက်ပြီး သူငယ်ချင်းဆိုတာတွေ့ရာလူပေါင်းလို့မရဘူး။မင်းမှာ သူငယ်ချင်းဆိုလို့ ညီမင်းညိုဆိုတဲ့ကောင်လေးဘဲရှိတာမဟုတ်လား။အပေါင်းအသင်းကဘယ်လောက်အရေးပါလဲဆိုတာ အဝေးကြီးပြေးကြည့်မနေနဲ့ မင်းအဖေကိုသာကြည့် ။အိမ်ရဲ့အလုပ်သမားကိုမြှောက်စားပေးလွန်းတော့ အခုကိုယ့်ခေါင်းပေါ်အခန့်သားဝင်ထိုင်နေပြီလေ"
"ကြီးမေ...ဆူချင်ရင်ကျွန်တော့်ကိုဘဲဆူပါ။ဦးငယ်နဲ့ဘာဆိုင်လို့လဲ"
"မင်းလည်း သူနဲ့ဝေးဝေးနေပါဆို ဦးငယ် ဦးငယ်နဲ့။သားအဖနှစ်ယောက်လုံးတစ်ချိုးတည်း "
ကြီးမေရဲ့ ခနဲ့တဲ့တဲ့အသံတွေကြောင့် ဦးငယ်ကခေါင်းငုံ့ပြီးအခန်းထဲဝင်သွားတယ်။ရစ်ကိုယ်တိုင်ကတောင် အားနာလွန်းလို့မျက်နှာပူနေပေမယ့် ကြီးမေကတော့ဦးငယ်ကိုတွေ့တိုင်းခနဲ့တဲ့တဲ့စောင်းမြောင်းပြောတော့တာ။ကြာလာတော့လည်း သည်းခံလွန်းတဲ့ဦးငယ်ကိုတောင်သနားလာတယ်။
"အဲ့မှာဘဲ ရပ်နေ။ကျောင်းကို ငါလိုက်ပို့မယ် "
"ကြီးမေ!ကျွန်တော်ကလေးမဟုတ်တော့ဘူးလို့။အဲဒီလို ကျောင်းကြိုကျောင်းပို့လုပ်နေတာတွေက တကယ်စိတ်ကျဥ်းကြပ်ရတယ်"
နှောင်ကြိုး မသိလိုက်ဘာသာအခန်းထဲဝင်လာပေမယ့်လည်း ရစ်လေးနဲ့သူ့ကြီးမေရဲ့အသံကိုကြားနေတော့ မနေသာတော့ဘဲ...
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "