Chemistry ဆရာကအရှေ့ကနေequationတွေကိုအားကြိုးမာန်တက်ရှင်းပြနေပေမယ့် ကျောင်းသားတွေကတော့ အိပ်ငိုက်နေကြတယ်။ထမင်းစားပြန်တက်ချိန်ဖြစ်တာကြောင့် ဗိုက်ကလေးပြီး မျက်လုံးကပါစင်းနေသေးတယ်။အိပ်ငိုက်နေရင်းက ဘယ်ဘက်ကိုစောင်းကြည့်လိုက်တော့ အနွံကစာသေချာလိုက်မှတ်နေပုံကိုတွေ့ပြီး ကိုယ့်စာအုပ်ကိုယ်ပြန်ကြည့်လိုက်မိတယ်။ရှင်းလင်းနေတဲ့စာအုပ်က အနွံ့စာအုပ်လေးနဲ့ယှဥ်ကြည့်တော့လားလားမှမသက်ဆိုင်။ဘောပင်ကိုလက်ထဲလှည့်နေရင်း ဆံပင်တွေကိုထိုးဖွလိုက်ချိန်မှာ ဆရာကအရှေ့လှည့်လာတယ်။
"အားလုံးနားလည်ကြလား "
"တစ်လုံးမှနားမလည်ပါဘူးဆရာကြီး "
"ဟေ"
အားလုံးရဲ့တပြိုင်နက်တည်းအော်သံကြောင့် ဆရာကြီးကသူ့နဖူးသူရိုက်တယ်။သဘောကောင်းပြီး ဟာသဉာဏ်ရွှင်တဲ့ဆရာမို့ ကျောင်းသားတွေကမကြောက်ကြပေမယ့်လေးစားကြတယ်။နောက်တစ်ကြိမ်ပြန်လည်ရှင်းပြခြင်းမှာ ရစ်ကအာရုံစိုက်ပြီးသေချာနားထောင်လိုက်တော့အဆင်ပြေသွားတယ်။အချိန်ကုန်တာနဲ့ နောက်နေ့ဖြေရမယ့်လေ့ကျင့်ခန်းတွေကိုပြောပြပြီး ဆရာကထွက်သွားတယ်။နောက်တစ်ချိန်က bioအချိန်မို့ ပုံနှိပ်ကိုထုတ်ပြီးစာပြန်နွှေးနေတုန်း အနွံကသူ့အင်္ကျီစကိုလာဆွဲတော့ ရစ်ကလှည့်ကြည့်လိုက်တယ်။
"ဒါ...ဒါ မွန်လဥလို့ ဖတ်...ဖတ်ရတာလား ကျစ် "
"ဟမ်...ဘယ်ဟာ "
"ဒါ... ဒါလေ "
အနွံထောက်ပြတဲ့နားကိုသေချာဖတ်ကြည့်ပြီးမှ ရယ်ချင်စိတ်ကိုမနည်းထိန်းထားတာကြောင့် နှာခေါင်းကသိသိသာသာရဲလာတယ်။ရယ်သံစွက်ပြီးဖြေလိုက်တဲ့အသံကြောင့် အနွံကသူ့ကိုမကြည်ကြည့်ကြည့်တယ်။
"ဘယ်သူ့လဥမှမဟုတ်ဘူး။mon-la-u မုန်လာဥလို့ရေးထားတာ။မင်းကွာ ဘာလေးမှန်းမသိ။ဒီပုစွန်လေးနဲ့တော့ ကြာရင်ငါလည်းအူတက်သေမှာဘဲ ဟားဟား"
"ဘာ...ဘာဖြစ် မ...မသိလို့ကို ကျစ် ဖယ်"
"အေးပါကွာ အေးပါ။ဘာမှမပြောတော့ဘူးဟုတ်ပြီလား "
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "