ပြည်က ပြန်ရောက်ရောက်ချင်းမှာဘဲ ပြဿနာကစတက်တော့တယ်။ရစ်နှောင်ကြိုးက အနွံ့ကိုသေချာဂရုစိုက်ပေးဖို့တဖွဖွမှာသွားပေမယ့် သူခရီးသွားမယ့်အကြောင်းကိုတော့ ရစ်နဲ့အနွံ့ကိုပါပြောဖို့မေ့ခဲ့တယ်။ထွေထွေထူးထူးကိစ္စမရှိလောက်ဘူးထင်ထားပေမယ့် အနွံဒီလိုဖြစ်သွားတော့ညီညီလည်းစိတ်မကောင်း။သူ့အပြစ်လည်း မကင်းဘူးမလား။တောင်းပန်စကားလေးတော့တခုတ်တရဆိုချင်ပေမယ့် ရစ်နှောင်ကြိုးကျောင်းမလာတာတစ်ပတ်ကျော်ပြီ။အနွံပြောတာတော့ "ကိုကိုအလုပ်မအားလို့ သူနဲ့တောင်မတွေ့ဖြစ်ဘူး"တဲ့ ။ဘာဘဲဖြစ်ဖြစ် တစ်ခါလောက်တော့တောင်းပန်ရမှစိတ်အေးမှာမို့ ရစ်နှောင်ကြိုးကျောင်းပြန်တက်မယ့်နေ့ကိုသာ ညီညီစောင့်ရမယ်။ဒီရက်တွေအတွင်းမှာတော့ အနွံ့ကို အန်တီမေ့အိမ်အထိလိုက်ပို့ပေးပြီးမှသာ ညီညီအိမ်ပြန်တယ်။ဘာကြောင့်ရယ်မသိ မမချယ်ကနေ့တစ်ပိုင်းနဲ့ကျောင်းကပြန်ပြန်သွားတာ ရစ်ခရီးကပြန်ရောက်ကတည်းကဘဲ။ဖုန်းကလည်းဆက်လိုက်တိုင်းအမြဲ busyဖြစ်နေပြီး အိမ်အထိလိုက်သွားပြန်တော့လည်း အိမ်မှာမရှိပေ။
"ညီ...ညီညီ"
"အေ"
ညီညီနဲ့အနွံကစာသင်ခန်းရဲ့ရှေ့ဆုံးခုံမှာဘဲအမြဲထိုင်ဖြစ်တယ်။သူတို့civilတွေရဲ့စာသင်ခန်းက ပင်မသုံးထပ်ဆောင်ကြီးထဲမှာရှိပြီး အခြားမေဂျာတွေရဲ့စာသင်ဆောင်ကလည်းသုံးထပ်ဆောင်ကြီးမှာရှိတာဆိုပေမယ့် ရစ်နှောင်ကြိုးတို့Archiဆောင်ကတော့ သီးသန့်ဌာနတစ်ခုလိုကွဲထွက်နေတယ်။
"ခေါ်ပြီး ဘာမှလည်းမပြောဘူး။ပြောလေ သက်ဆင်းနွံရဲ့"
"ကို...ကိုကို့ကို လွမ်းလို့ "
"မင်းဘကြီးပေါ့ အဲဒီတော့။ငါကဘာလုပ်ပေးလို့ရမှာလဲ"
"သိ...သိပါတယ်။ဘာ...ဘာမှမလုပ်ပေးနိုင်မှန်း။ဒါ...ဒါပေမယ့် ညက ကို...ကိုကိုဖုန်းမဆက်ဘူး။လွမ်း...လွမ်းတာပေါ့လို့။ပြီး...ပြီးရင် ငါကရစ်...ရစ်တယ်ဖြစ်မယ်"
"အေးလေ မင်းကဘယ်တုန်းကရစ်လို့လဲ"
"နော် ဟုတ်...ဟုတ်တယ်မလား။အဲ..အဲဒါကို ကို...ကိုကိုက ငါ့ကို ကောက်...ကောက်တေးနွံတဲ့။ငါ...ငါမမှားဘူးမလား"
YOU ARE READING
နွံ(Completed )
Storie d'amoreရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "