မနက်ငါးနာရီ အရုဏ်မတက်ခင်အချိန်ကတည်းကပင် အနွံတို့ရဲ့သစ္စာငြိမ်ရပ်ကွက်လေးဟာ ပုံးသံခွက်သံများဖြင့်ဆူညံနေတော့တယ်။ဘာအကြောင်းကြောင့်လဲဆိုတော့ တစ်ရက်ခြားတစ်ခါသာလာတဲ့ရေကိုအလှည့်ကျတန်းစီကာ ခပ်ရတာကြောင့်ဖြစ်တယ်။တန်းစီတယ်ဆိုပေမယ့်လည်း လူတို့ရဲ့သဘာဝအရ ငါရရေးသာဦးတည်လေတော့ နေရာဖြတ်လုသူများဟာအများအပြားပင်။အလှည့်ကျော်တဲ့သူတွေ့ရင် ဆဲဆိုမယ်၊နပန်းလုံးမယ်။အနွံတို့ရပ်ကွက်လေးဟာ နာမည်နဲ့မလိုက်အောင်ကို ဆူညံတဲ့ရပ်ကွက်လေးရယ်ပါ။ဝမ်းရေးကိုသာဦးတည်ရတာမို့ လူမှုရေးဟာလည်း နောက်ကောက်ကျန်ခဲ့ရတယ်။လူတိုင်းကိုမဆိုလိုပေမယ့် အများစုဟာ ကိုယ်ကျိုးတစ်ခုတည်းကိုသာကြည့်ကြတဲ့လူတွေချည်းပါဘဲ။
"ဟဲ့ ကောင်မ ။နင်ကြားဖြတ်ပြန်ပြီလား။နင်တစ်ယောက်ထဲ အလုပ်ရှိတာမဟုတ်ဘူးဟဲ့။ငါတို့မှာလည်း သားနဲ့သမီးနဲ့ "
"ညည်းဘာသာ အားယားပြီးလင်ယူလို့ ကလေးမွေးတာလေ။ကျုပ်တို့ကပါ လာထိန်းပေးရဦးမှာလား။ဖြတ်တော့ ညည်းကဘာလုပ်ချင်လဲ"
အနွံ့အလှည့်ရောက်ခါနီးမှ ရန်ပွဲထဖြစ်တာကြောင့် ရေရဖို့ကလည်းမသေချာေတာ့။တစ်ခဏအတွင်းမှာဘဲ တစ်ဖက်အန်တီက သံပုံးဖြင့်တစ်ဖက်အမျိုးသမီးခေါင်းကို ရိုက်ထည့်ပစ်လိုက်တယ်။ထိုအမျိုးသမီးကလည်း ချက်ချင်းပင်ထဘီကိုတိုတိုပြင်ဝတ်လိုက်ကာ ဆံပင်ကိုဆောင့်ဆွဲလျက်နပန်းလုံးကြတော့တယ်။တန်းစီနေကြတဲ့လူများကလည်း အုပ်အုပ်ကျက်ကျက်ဖြစ်သွားပြီး ရှုပ်ယှက်ခတ်သွားတော့တယ်။ဝင်ဆွဲတဲ့လူကဆွဲ၊တစ်ချို့ကလည်း ရေကိုအပြေးအလွှားသွားခံကြတယ်။လူအုပ်ကြီးကအနွံ့ကိုတွန်းတိုက်သွားပြီး လူပင်လယ်ထဲမှာညပ်နေတော့တယ်။အနွံ့အဖြစ်က ရေလည်းမရလိုက်ဘဲ လူပိပြီးတောင်သေနိုင်တဲ့အခြေအနေကိုရောက်သွားတော့တယ်။အချိန်နဲ့ပေးတာဆိုတော့
အနွံရေမရလိုက်ခင်မှာဘဲ ရေကပိတ်သွားတော့တယ်။ခြောက်နာရီထိုးဖို့မိနစ်အနည်းငယ်လိုချိန်မှာဘဲ ရန်ပွဲလည်းအဆုံးသတ်သွားပြီး လူတွေလည်းပြန်ကုန်ကြတယ်။အနွံလည်း လက်တစ်ဆစ်သာသာသာရေရလိုက်သော ရေပုံးကိုစိတ်ပျက်လက်ပျက်ဆွဲလာပြီး ရပ်ကွက်ထိပ်နားရှိညောင်ပင်ကြီးအောက်တွင်ရောင်းသော အကြော်ဆိုင်ရှေ့မှာရပ်လိုက်တယ်။အားကစားဘောင်းဘီတိုနဲ့စွပ်ကျယ်ကိုသာဝတ်ထားတဲ့အနွံက အသားတွေအများကြီးပေါ်နေတဲ့အခါမျိုးဆို ပိန်မှန်းသိသာလွန်းတယ်။
YOU ARE READING
နွံ(Completed )
Romantikရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "