ဝါကျင့်ကျင့်မီးရောင်အောက်မှာ အနီရောင်မီးပုံးတွေချိတ်ဆွဲထားပြီး အင်မတန်မှချစ်စရာကောင်းတဲ့ဆိုင်လေးတစ်ခု။ဖွင့်တာမကြာသေးပေမယ့် အပြင်အဆင်နဲ့အရသာပိုင်းမှာတမူထူးတယ်လို့ နာမည်ကြီးတာကြောင့် ဆိုင်တွေအများကြီးကြားထဲကမှ ဒီဆိုင်လေးကိုရွေးဖြစ်ခဲ့တယ်။ဝိုင်းအပြည့်မို့ ကြိုတင်ဘိုကင်မတင်ထားရင်အတော်လေးတော့စောင့်ရတတ်တယ်။နာမည်ကြီးဆိုင်တွေမှာမကောင်းတာတစ်ခုက လူအရမ်းများလွန်းတော့အသက်ရှူကြပ်တယ်၊သက်တောင့်သက်သာမရှိဘဲနားငြီးလွန်းတယ်။ရစ်နှောင်ကြိုးရဲ့ အခုရိုက်ကူးနေတဲ့ရုပ်ရှင်ကားကြီးဟာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်လို့ ရိုက်ကူးရေးအဖွဲ့သားအားလုံးကိုရစ်က ညစာလိုက်ကျွေးဖြစ်တယ်။
"ရစ်ကြိုးက အခုထုတ်လုပ်ရေးနဲ့ဘယ်နှစ်ကားကျန်သေးလဲ"
"နှစ်ကားကျန်သေးပေမယ့် ဒီနှစ်ထဲတော့ကျွန်တော်မရိုက်ဖြစ်လောက်သေးဘူးထင်တယ်ခင်ဗျ။စာမေးပွဲလည်းနီးပြီဆိုတော့ စာဘက်တစ်ချက်လှည့်ရဦးမယ်ခင်ဗျ"
"ကျောင်းတစ်ဖက်နဲ့အလုပ်ကိုလည်းမလစ်ဟင်းရအောင် စီမံနိုင်တာတကယ်တော်တယ်ကွာ။ဒါကြောင့်လည်း မင်းပရိသတ်တွေက မင်းဆိုသည်းသည်းလှုပ်နေကြတာ။ဦးက စာချုပ်သက်တမ်းပြည့်တဲ့အခါ ရစ်ကြိုးနဲ့လက်တွဲချင်လို့မေးထားတာပါ"
"ကျွန်တော်အကြောင်းပြန်ပါ့မယ်ခင်ဗျာ"
ရစ်အသံဟာ နူးညံ့ချိုသာတယ်။ခပ်သြသြအသံဘက်လည်းအရမ်းမရောက်ဘဲ နားဝင်ချိုစေတဲ့အသံမျိုး။အလုပ်အပေါ် သူကလေးစားတဲ့အခါ အသက်ငယ်ပေမယ့်လည်း လုပ်ဖက်ကိုင်ဖက်တွေက ရစ်နှောင်ကြိုးအပေါ်လေးစားကြတယ်။
စားသောက်ဝိုင်းဆိုတဲ့အတိုင်း အသားကင်နဲ့ ဘီယာလေးကလည်းမပါမဖြစ်ပေါ့။အစကနဦးက ညစာလာကျွေးတာဆိုပေမယ့် ဘယ်သူကမှထမင်းစားချင်မနေကြတော့ အားလုံးနဲ့သဘောတူညီမှုရတဲ့ အသားကင်ကိုသာမှာပေးရတယ်။ရစ်နှောင်ကြိုးက alcoholမသောက်တတ်။မသောက်ဖူးတာမဟုတ်ပေမယ့် အနည်းဆုံးlimitကတောင် သူ့ကိုသရုပ်ပျက်တဲ့အထိဖြစ်စေလို့ သူ့မှာမထိမကိုင်ရဲတော့တဲ့အထိဘဲ။ရစ်နှောင်ကြိုးဟာ သူ့ကိုယ်သူမထိန်းကျောင်းနိုင်တဲ့အထိ သရုပ်မပျက်ချင်။ဒီတော့ အချိုရည်ကိုသာသောက်တဲ့အခါ" ယောက်ျားဖြစ်ပြီးကွာ" ဆိုတဲ့စနောက်သံတွေကို အပြုံးလေးနဲ့ဘဲခွန်းတုံ့ပြန်ခဲ့မိတယ်။
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "