Part-27

26.2K 1.1K 134
                                    

စာမေးပွဲအောင်ကြတဲ့အထိမ်းအမှတ်အနေနဲ့ တစ်ခုခုကျွေးဖို့တိုင်ပင်ကြပြီးတဲ့နောက်မှာ ကျွန်တော်တို့သူငယ်ချင်းငါးယောက်လုံးဆုံးဖြတ်လိုက်တာက မိဘမဲ့ဂေဟာတစ်ခုကကလေးတွေအတွက် နံနက်စာနဲ့နေ့လည်စာကျွေးဖို့ပါဘဲ။သူငယ်ချင်းတွေစုပြီးအလှူလုပ်ချင်လိုက်တာလို့ အမြဲတိုင်ပင်ဖြစ်ခဲ့ကြပေမယ့် အခုမှအကောင်အထည်ပေါ်လာတာမို့ ကျွန်တော်တို့သူငယ်ချင်းငါးယောက်သိပ်ပျော်ခဲ့ကြပါတယ်။ရန်ကုန်ကနေ ကားနဲ့သွားရင် နှစ်နာရီလောက်သာမောင်းရတဲ့ ရန်ကုန်အထွက်ပဲခူးမရောက်ခင်နေရာလေးမှာ လူသူအရောက်နည်းတဲ့မိဘမဲ့ဂေဟာလေးတစ်ခုရှိပါတယ်။ကျွန်တော်တို့သူငယ်ချင်းငါးယောက်က ကားတစ်စီးဖြစ်ပြီး မိဘတွေကတော့ အရှေ့ကနေကားတစ်စီးနဲ့သွားကြပါတယ်။မနက်ငါးနာရီကတည်းကထွက်လာခဲ့ကြတာဖြစ်လို့ ကျွန်တော်တို့ဂေဟာရောက်ကြချိန်မှာ မနက်7နာရီစွန်းရုံသာရှိပါသေးတယ်။ကလေးလေးတွေက ဘုရားရှိခိုးဖို့အတွက် ဘုရားခန်းဆီတန်းစီပြီးသွားနေကြချိန်နဲ့ဆုံတဲ့အခါ ကျွန်တော်တို့လှိုက်လှိုက်လှဲလှဲပြုံးမိပြန်တယ်။

"သားတို့ရေ အင်္ကျီတွေပေမယ်နော် သတိထားပြီးသယ်ကြဦး "

ဒန်ပေါက်အိုးတွေကိုကားပေါ်ကချကြတဲ့အခါ အန်တီသန္တာရဲ့စိုးရိမ်တကြီးအော်သံကိုကြားလိုက်ရပါတယ်။အကုန်လုံးကဟုတ်ကဲ့လို့ပြန်ပြောလိုက်ချိန်မှာ အန်တီသန္တာနဲ့အန်တီမေမေက ပုစွန်ခြောက်ကြော်အိုးနဲ့အချဥ်သုပ်အိုးကို ကိုယ်စီမသွားကြတယ်။အိုးတွေကအတော်အသင့်ကြီးတဲ့အနေအထားမို့ ညီညီ၊ကိုသစ်နဲ့ရစ်တို့သုံးယောက်သယ်ရပါတယ်။ဆောင်းနဲ့အနွံက ကြက်သားပေါက်စီထည့်ထားတဲ့ပုံးကိုနှစ်ယောက်အတူသယ်ပြီး ကျောင်းထဲဝင်သွားကြတယ်။နံနက်စာဘာကျွေးမလဲတိုင်ပင်ကြချိန်မှာ သက်ဆင်းနွံလေးကသူ့စိတ်ကြိုက် ကြက်သားပေါက်စီနဲ့လက်ဖက်ရည်သာကျွေးပါမယ်ဆိုတော့ အကုန်လုံးသဘောတူလိုက်ကြတယ်။အစားအသောက်တွေနေရာတကျ ဖြစ်သွားချိန်မှာ အန်တီမေမေနဲ့အန်တီသန္တာက လက်ဖက်ရည်ဖျော်ဖို့အနောက်ကိုဝင်သွားကြတယ်။ရေနွေးအိုးတည်ဖို့ကို ကျောင်းကဆရာမတွေဝိုင်းကူကြပြီး အနွံကမီးမွှေးပေးနေတယ်။ရေခပ်ဖို့အတွက်ကို ကိုသစ်နဲ့ရစ်က အင်္ကျီလက်တွေခေါက်တင်လိုက်ချိန်မှာဘဲ...

နွံ(Completed )Where stories live. Discover now