Part-30

27.6K 1.1K 192
                                    

အခုရက်ပိုင်း ဘာမှမလုပ်ချင်လောက်အောင် စိတ်ဓာတ်တွေကအောက်ဆုံးအထိထိုးကျနေတယ်။ညီမင်းညိုဆိုတဲ့သူက မိဘတွေရဲ့မေတ္တာတွေကြားမှာ အသက်ရှူချောင်ချိစွာနဲ့ကြီးပျင်းလာခဲ့ရတဲ့သူ။အပူအပင်ဆိုတာ ဘာမှန်းမသိအောင်ကိုထားတဲ့အထိ ဖေဖေနဲ့မေမေဟာ သိပ်တော်ပါတယ်။သူတစ်ပါးအပိုင်ကို စိတ်နဲ့တောင်မပစ်မှားရဘူးလို့တဖွဖွဆုံးမတတ်တဲ့မေမေ့စကားကို သူ့နားထဲတဝဲလည်လည်။သူမေမေမျက်နှာပျက်အောင်လုပ်မိပြီလားလို့တွေးလိုက်ချိန်မှာဘဲ ကိုယ့်ကိုယ်ကိုယ်ရှက်မိတယ်။
ရှေ့ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကို သူစဥ်းစားလို့မရသလို တစ်ဖက်အမျိုးသားအပေါ်လည်းအားနာနေရတယ်။

"အချစ်ကလေးရေ မျက်နှာလည်းမကောင်းပါလားကွယ်။နေမကောင်းဘူးလား မေမေ့ကိုပြော"

"ကောင်းပါတယ် မေမေ။ညကအိပ်ရေးပျက်ထားလို့"

မေမေက ညီညီ့စကားကိုမယုံဟန်နဲ့ခြေဖျားထောက်ပြီး နဖူးကိုကိုယ်ပူစမ်းတယ်။

"ကိုယ်လည်းမပူပါဘူး။ဒါပေမယ့် တစ်ခုခုဖြစ်နေတာမလား မေမေ့ကိုပြော"

"သားအဆင်ပြေပါတယ် စာပိနေလို့နေမယ်"

အချိန်ကိုက်မှာဘဲမြည်လာတဲ့ဖုန်းအသံကြောင့် ဖုန်းနံပါတ်ကိုကြည့်တော့ သူမ။ဆယ်ရက်နီးပါး သူ့ဘက်ကဖုန်းစမခေါ်ဖြစ်သလို မမချယ်ဘက်ကလည်းမခေါ်လာခဲ့ဘူး။ဒါဟာ ပထမဦးဆုံးအကြိမ်။မှင်သေသေမျက်လုံးတွေနဲ့ ဖုန်းကိုစိုက်ကြည့်ပြီးမှ Acceptခလုတ်ကိုနှိပ်လိုက်တယ်။

"ဟယ်လို"

"ဟုတ်ကဲ့ လာခဲ့ပါမယ်"

ညီညီဖုန်းကိုချလိုက်ပြီးချိန်မှာဘဲ မေမေ့ကိုဖက်နမ်းလိုက်တယ်။မေမေကမျက်လုံးလေးပြူးသွားပြီး တအံ့တသြ။

"သားက မေမေ့ကိုသိပ်ချစ်တယ်နော်။သားကျောင်းသွားတော့မယ် မေမေ။အိမ်မှာ ဂရုစိုက်ပြီးနေခဲ့နော်"

"အလိုလေ ထူးထူးဆန်းဆန်းတော့"

ညီညီက မေမေ့ကိုရယ်လျက်လက်ပြပြီးထွက်လာတော့ အပြုံးတွေနဲ့သာမေမေကကျန်ရစ်ခဲ့တယ်။မေမေ့မျက်ဝန်းတွေဟာ အခါများစွာကလိုဘဲ ညီညီ့အတွက်ဂုဏ်ယူနေဟန်။ဒီနေ့မှကို ထူးထူးခြားခြား မေမေ့မျက်နှာကြည့်ပြီး ရင်ထဲလှိုက်တက်လာတယ်။မမချယ်ချိန်းတဲ့နေရာက လိုင်းကားစီးပြီး အဲဒီကနေမှတစ်ဆင့် လမ်းနည်းနည်းဆက်လျှောက်မှရောက်လာတယ်။

နွံ(Completed )Where stories live. Discover now