ကြီးမေကိုရှာမတွေ့တော့သည့်အဆုံး စိတ်ပျက်ခြင်းများစွာနဲ့ရစ်နှောင်ကြိုးအိမ်ပြန်လာခဲ့တယ်။အိမ်ပြန်ရောက်ရောက်ချင်း အားလုံးကတိတ်ဆိတ်နေပြီး ဘာအသံမှမကြားရပေ။ပိုပြီးစိတ်ပူစရာကောင်းတာက ရစ်အခုထိအနွံ့ကိုဖုန်းဆက်လို့မရဘူး။ဖုန်းကဝင်ပေမယ့် မကိုင်။အန်တီမေမေ့ဖုန်းကိုလည်း အကြိမ်ကြိမ်ဆက်ပေမယ့် မကိုင်တော့ လူကပိုပြီးထူပူလာတယ်။သူသေချာပေါက် အနွံ့ကိုသွားကြိုပေးဖို့ အန်တီမေမေ့ကိုဖုန်းဆက်ခဲ့ပါတယ်။လူကပင်ပန်းလွန်းလို့ လှုပ်တောင်မလှုပ်ချင်တော့တဲ့အခြေအနေမှာ အပူပေါ်အပူဆင့်ပြီး ပြဿနာတွေကတိုးလာခဲ့တယ်။အဲဒီအချိန်မှာဘဲ ဖေဖေတို့အခန်းတံခါးကိုသူသွားခေါက်လိုက်တယ်။
"ဖေဖေ သားပါ။မအိပ်သေးရင်တံခါးလေးဖွင့်ပေးပါဦး"
"ဖေဖေတို့မအိပ်ရသေးဘူး သားရဲ့ကြီးမေကိုတွေ့လားဟင် "
"ဟင့်အင်း မတွေ့ခဲ့ဘူး။အခု အနွံနဲ့အန်တီမေမေကိုပါဆက်သွယ်လို့မရပြန်ဘူး ဖေဖေရယ်။သားလေစိတိတွေပူလို့ရူးချင်တာဘဲ။ လိုက်ရှာပေးပါဦး "
"စိတ်အေးအေးထားပါ သားသားရယ်။ဖေဖေတို့သွားရှာကြမယ်နော်"
အဲဒီအချိန်မှာဘဲ ဒယ်ဒီ့ဖုန်းဆီအဝင်ကောလ်တစ်ခုဝင်လာခဲ့ပြီး ဒယ်ဒီ့မျက်နှာကပျက်သွားတယ်။ဒယ်ဒီ့အခြေအနေကိုကြည့်တာနဲ့တင် ကျိန်းသေသတင်းကောင်းတော့မဟုတ်လောက်ဘူးပေါ့။
"ကျွန်တော်တို့ လာကြည့်လိုက်ပါ့မယ်"
"ဒယ်ဒီဘယ်သူဆက်တာလဲ"
"ရဲစခန်းကဆက်တာ။အမြန်လမ်းမှာ ယာဥ်တိုက်မှုတစ်ခုဖြစ်တယ်တဲ့။အိမ်စီးကားနဲ့ကုန်တင်ကားတိုက်တာ အိမ်စီးကားကတမင်ဝင်တိုးတယ်လို့တော့ မျက်မြင်သက်သေတွေကပြောတယ်တဲ့။နောက်ပြီး အိမ်စီးကားကိုမောင်းလာတဲ့အမျိုးသမီးကပွဲချင်းပြီးဆုံးသွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေတစ်စစီဖြစ်သွားတယ်တဲ့။အလောင်းကိုတောင်တစ်စစီကောက်ထားရတာမို့ ဘယ်သူဘယ်ဝါမှန်းအတည်ပြုလို့မရဘူးပြောတယ်။ကားနံပါတ်ကတစ်ဆင့်စုံစမ်းလိုက်တော့ အဲဒါ... အဲဒါ မမကြီးဖြစ်နိုင်တာမို့ ဟုတ်၊မဟုတ် လာအတည်ပြုပေးပါတဲ့"
YOU ARE READING
နွံ(Completed )
Romantizmရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "