"အစ်ကိုလေး ဖုန်းလာနေတယ် "
အခန်းရှေ့က မိပုံ့အသံကြားမှ အပြင်မှာဖုန်းကျန်ခဲ့မှန်းသတိရတယ်။မနက်က ခြံထဲပန်းပင်တွေရေဆင်းလောင်းရင်း ဧည့်ခန်းထဲမှာ ထားခဲ့မိတာနေမယ်လို့တွေးပြီးမှသတိမေ့တတ်လွန်းတဲ့ကိုယ့်ခေါင်းကိုယ်ထုလိုက်မိတယ်။။ရှပ်အင်္ကျီကို တံတောင်ဆစ်အထိခေါက်တင်လိုက်ပြီး ရေမွှေးကို လက်ခုံပေါ်တွင်ဆွတ်ကာ နားအနောက်မှာပွတ်လိုက်ပြီး ဆံပင်တွေကိုလက်ချောင်းနဲ့သာနေရာကျအောင်သပ်လိုက်တယ်။
"လာပြီ မိပုံ့။ဘယ်သူလဲ"
မိပုံက ဖုန်းကိုလက်ဖြင့်အုပ်လိုက်ကာ လေသံတိုးတိုးဖြင့် သူဌေးလို့ပြောတယ်။မိပုံ့က ဒေါ်မြင့်ရဲ့တူမဖြစ်ပြီး အသက်နှစ်ဆယ်ကျော်သာရှိသေးတယ်။ကိုကို့ကိုဆို မျက်လုံးချင်းမဆုံရဲအောင်ကို ကြောက်တတ်သူလည်းဖြစ်ပြီး မျက်နှာချင်းမဆိုင်မိအောင်ကိုပတ်ပြေးနေတော့တာ။။မိပုံ့က နှောင်ကြိုးလက်ထဲဖုန်းကိုအတင်းထိုးပေးပြီး ခပ်သုတ်သုတ်ပြေးဆင်းသွားတော့တယ်။
"ဟယ်လို ကိုကို "
"ကြာလိုက်တာ ဘာလုပ်နေတာလဲ"
တစ်ဖက်မှထွက်ပေါ်လာသံဟာ ခပ်ဆတ်ဆတ်။တစ်ဖက်မှာကိုကိုမျက်မှောင်ကျုံ့ထားဦးမှာဆိုတာကိုသူတွေးမိတော့ ရင်ထဲသိမ့်ခနဲ။
"အဝတ်အစားလဲနေတာ ရစ်လေးကိုကျောင်းလိုက်ပို့မလို့ "
ဟုတ်တယ်။ရစ်လေးနဲ့သူ့အခြေအနေက အရင်ကထက်အများကြီးတိုးတက်လာတယ်လို့ပြောလို့ရတယ်။ဒီနှစ်လလုံးကျောင်းလိုက်ပို့တာလည်းလက်ခံသလို သူစားချင်တဲ့မုန့်တွေဆိုရင်လည်း နှောင်ကြိုးကိုပူဆာတတ်နေပြီ။
ဦးငယ် ဒီမုန့်လေးနှစ်ခုလုပ်ပေးပါဦး။
ဦးငယ် ကော်ဖီမထည့်ဘဲမိုင်လိုဘဲထည့်ပေးပါဦး။
ဦးငယ် ပေါက်စီလေးရောလုပ်ပေးလို့ရမလား စသဖြင့်တဂျီဂျီလုပ်လာတာဟာလည်း နှောင်ကြိုးမှာတော့ ခပ်ပြုံးပြုံးနဲ့အလိုလိုက်မိစမြဲ။
"ဒါဆို ကိုကိုတို့ မနက်စာအတူစားဖို့ပြောထားတာကရော။ကိုကိုက အလုပ်တွေဖျက်ပြီးစောင့်နေတာလေ အငယ် "
YOU ARE READING
နွံ(Completed )
Romansaရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "