စားပွဲပေါ်တွင်တင်ထားသော နာရီနှိုးစက်က သူ့အချိန်သူသိစွာလှုပ်ရှားလေတော့ အိပ်မှုန်စုံဖွားဖြင့် ရစ် ထပိတ်ရပြန်တယ်။
နှိုးစက်ဟာ တတိယအကြိမ်အချက်ပေးနေခဲ့ပေမယ့် သူကတော့ အိပ်မောကျနေတုန်းပင်။စောင်ကို ခုတင်ခြေရင်းတွင်လုံးထွေး
ကန်ကျောက်ထားပြီး ခြေကားယားလက်ကားယားအိပ်နေမိတယ်။စအိပ်တုန်းကအတည့်ပေမယ့် မနက်မိုးလင်းရင်တော့ တစ်ပတ်လည်သွားတတ်တာဟာ ရစ်ရဲ့စကေးတစ်ခုလိုပင်။ညက ပန်းချီဆွဲနေတဲ့အထဲစျာန်ပါပြီး နှစ်နာရီလောက်မှအိပ်ဖြစ်တော့သူတော်တော်နဲ့မထနိုင်ပေ။"ဒေါက်! ဒေါက် !"
တံခါးခေါက်သံ ခပ်တိုးတိုးကြောင့် မျက်လုံးနှစ်ဖက်ကိုဖိပွတ်လိုက်ရင်း အကြောအချဥ်ဆန့်လိုက်တယ်။
"ရစ်လေး မနက်စာစားရအောင်အောက်ဆင်းခဲ့နော်။ဦးငယ်ပြောတာကြားလား "
ရစ်ဘာမှဆက်ပြောမနေတော့ဘဲ အိပ်ရာကထလိုက်တော့ တံခါးခေါက်သံကိုလည်း ဆက်မကြားရတော့ပေ။ရေမိုးချိုးကာ အင်္ကျီအဝတ်အစားလဲပြီးနောက် အိမ်အောက်ကိုရောက်တော့ စားပွဲဝိုင်းမှာ ဦးနှောင်ကြိုးငယ်ကလွဲပြီး ဘယ်သူမှရှိမနေ။သူ့ပုံစံအတိုင်း ခပ်ဖြည်းဖြည်းဆင်းလာတော့ သူ့ကိုပြုံးပြနေတဲ့ခပ်ချိုချိုအပြုံးတစ်ခုနဲ့တွန်းတိုက်မိပြန်တယ်။ချက်ချင်းအကြည့်လွှဲလိုက်ပြီး ခပ်မြန်မြန်ဆင်းလိုက်တယ်။ဦးနှောင်ကြိုးငယ်ရဲ့
နှုတ်ခမ်းတို့က တိကျသေသပ်တယ်။မျက်ဝန်းတို့က ညှို့ဓာတ်ပြင်းတယ်။ချောတယ်ဆိုတာထက် ယောက်ျားတစ်ယောက်ကို လှလိုက်တာလို့ပြောလို့ရသည့်အထိပင်။ဒါပေမယ့် သူမုန်းတယ်။ဒီလူ့ကိုမြင်တိုင်း မူးဝေအော့အန်ချင်လာတဲ့ခံစားချက်မျိုး။သူ့ငယ်ဘဝတစ်လျှောက်လုံး လှောင်ပြောင်ခံရမှုတွေဟာ ဒီလူ့အပေါ်မှာဘဲအလုံးစုံမူတည်နေခဲ့တာ။"ဒယ်ဒီရော"
ဝတ်ကျေတန်းကျေပြန်ပြောတဲ့စကားပေမို့ ရစ်အသံဟာပြတ်တောင်းလွန်းတယ်။ဦးနှောင်ကြိုးငယ်က မုန့်ဟင်းခါးပန်းကန်ကိုပြင်ပေးနေရင်း ရစ်ကိုပြန်ပြုံးပြနေသေးတာ။ဒီလူဟာ အမှတ်မရှိတာလား။သူ့ဆီက ဘာကိုများလိုချင်နေရပါသနည်း။သူကရော ဘာတွေများပေးဖို့ကျန်နေပါသနည်း။
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "