"တောင်! တောင်!"
အုန်းမောင်းခေါက်သံကြောင့်အနွံနိုးလာရပြီး မျက်လုံးတွေကိုပွတ်သပ်လိုက်ကာ အိပ်ရာထဖို့ပြင်ရတယ်။ညကတည်းက ကွပ်ပျစ်မှာဘဲအိပ်ပျော်သွားတာကြောင့် လေစိမ်းတိုက်တဲ့ဒဏ်ကိုတော့အတော်ခံလိုက်ရသေးတယ်။ကိုယ်လက်တွေကိုက်ခဲနာကျင်နေပြီး အိပ်ရာမထချင်ပေမယ့်လည်း အနွံမထလို့ကလည်းမဖြစ်သေး။
အနွံတို့ရပ်ကွက်လေးက သာမန်ဆင်ခြေဖုံးရပ်ကွက်လေးဖြစ်တာမို့ မိုးမလင်းခင်ကပင်အလုပ်သွားကြမယ့်သူများ၊ပဲပြုတ်သည်များရဲ့ အော်သံတို့နဲ့အသက်ဝင်နေကြတယ်။အနွံ့ခြေထောက်တွေအေးစက်နေပြီး အသားတွေလည်းစပ်နေတယ်။အနွံကအရေပြားပါးသူမို့ ပူလွန်း၊အေးလွန်းတဲ့ရာသီဥတုဒဏ်ကိုမခံနိုင်။ပူလွန်းရင် အနီစက်တွေထွက်လာတတ်ပြီး အေးလွန်းရင်လည်းအသားစပ်တတ်သေးတယ်။အိပ်ရာက ကုန်းထလိုက်ပြီးအိမ်ထဲကိုလှမ်းကြည့်တော့လည်း ခြေရာလက်ရာပင်မယွင်းသေးတဲ့ခေါက်ဆွဲကြော်ပန်းကန်ဟာ အနွံညကပြင်ထားတဲ့အတိုင်းစားပွဲပေါ်မှာရှိနေတယ်။
အနွံ့မျက်ရည်တို့ဝဲတက်လာပေမယ့် ပါးမို့တွေဖောင်းလာတဲ့အထိအားတင်းပြုံးလိုက်ပြီး မျက်ရည်မကျအောင်ထိန်းလိုက်တယ်။
"အ..အ...အမေက... ကျစ်... ဟာကွာ "
စိတ်လှုပ်ရှားမှုပြင်းထန်နေချိန်ဆိုရင် ဘာစကားမှမထွက်တော့တဲ့ အနွံ့အဖြစ်ကိုမုန်းတယ်။သူ့လည်ပင်း အခါခါရိုက်ရင်းရှုံးပွဲချအော်ငိုလိုက်မိတယ်။ကျိန်စာသင့်နေတာ။သူ့ဘဝကြီးက တကယ်ကျိန်စာသင့်နေတာ။
အဲဒီနောက် တိုးသဲ့သဲ့လေးထွက်ပေါ်လာသံမှာ...
"အ..အမေနဲ့ ထ..ထမင်းအတူစားချင်တယ် "တဲ့။
ဘဝမှာတစ်ခါလောက်လေးဘဲ အမေနဲ့ထမင်းအတူစားချင်ရုံပါ။အနွံဘာတွေများအတ္တကြီးသွားသလဲအမေရယ်။အနွံလည်း တခြားကလေးတွေလို မိဘအရိပ်အောက်မှာခိုချင်တယ်။နွေးထွေးမှုတွေလှုံချင်တယ်။အနွံ အမေ့ကိုသူများထက်သာအောင်ထားချင်ခဲ့တာ။အနွံ့ဘဝမှာ အမေပြီးရင်အမေပါဘဲ။
မျက်ရည်တွေကိုသုတ်လိုက်ပြီး ခေါက်ဆွဲကြော်ကို အိမ်အနောက်ဘက်ရှိဝက်စာအိုးထဲသို့ထည့်လိုက်တယ်။ဆေးကြောစရာရှိတဲ့ပန်းကန်တွေကိုဆေးကြောပြီး တစ်လုံးတည်းသာရှိတော့တဲ့ ကြက်ဥကိုhalf-friedလေးကြော်လိုက်တယ်။ထမင်းကြမ်းခဲကိုချေပြီးကြော်လိုက်ပြီးတဲ့နောက်မှာ ပန်းကန်ထဲထည့်လိုက်တယ်။ကြက်ဥကြော်ကိုအပေါ်မှတင်ထားလိုက်ပြီး အုပ်ဆောင်းဖြင့်အုပ်ထားလိုက်တယ်။
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "