ညနေနေဝင်ဆည်းဆာက ကောင်းကင်တစ်ခွင်ဖြန့်ကျက်နေရာယူနေပြီး နီညိုရောင်သမ်းနေတယ်။
ညနေနေအေးချိန်ဖြစ်တာကြောင့် စက်ဘီးစီးနေကျသူများကို ဟိုတစ်စဒီတစ်စတွေ့ရသေးတယ်။ဦးထီးရဲ့ဆိုင်လေးကတော့ပုံမှန်အတိုင်း စည်ကားမြဲ၊အနွံ့အတွက်နွေးထွေးလုံခြုံမှုပေးမြဲပင်။"အနွံရေ ဒါလေးဟိုဘက်လမ်းကိုသွားပို့ပေးပါဦး "
ဦးထီးရဲ့အသံကြားတာနဲ့ စားပွဲသုတ်နေရာမှ ခပ်သွက်သွက်လေး အနွံထသွားလိုက်တယ်။
"ဘယ်..ဘယ်ကို ပို့...ပို့ပေးရမှာလဲ ဦးထီး"
"ဟိုဘက်လမ်းက တိုက်အမြင့်ကြီးကိုအနွံသိတယ်မလား။အဲ့အပေါ်ဆုံးထပ်ကို သွားပို့ရမှာ။ဘဲလ်သေချာတီးနော် အနွံ "
အနွံခေါင်းကိုညိတ်ကာ ရှမ်းခေါက်ဆွဲဘူးကိုယူပြီးထွက်လာခဲ့လိုက်တယ်။ဟိုဘက်လမ်းထိဘဲသွားပို့ရမှာဆိုပေမယ့် ဦးထီးကအနွံ့ကိုစက်ဘီးလေးယူသွားခိုင်းတယ်။အနွံကျောင်းသွားရင် လမ်းလျှောက်သွားရတာ ပင်ပန်းပြီးအချိန်ပုတ်တယ်လို့ဆုကာ ဦးထီးကတစ်ပတ်နွမ်းစက်ဘီးလေးတစ်စီးဝယ်ပေးထားတယ်။။ဦးထီးနဲ့ဒေါ်လေးရဲ့ကျေးဇူးတွေဟာ အနွံ့အတွက်သိပ်ကိုများနေပါပြီ။
"တီ တီ"
"ဒုန်း!"
ကားကအချိန်မီ ဘရိတ်အုပ်လိုက်ပေမယ့် ကားဟွန်းသံကိုသတိမထားမိဘဲ စက်ဘီးကိုကွေ့လိုက်တာကြောင့် အနွံ့ဘာသာအရှိန်မထိန်းနိုင်ဖြစ်ကာ စက်ဘီးမှောက်သွားတော့တယ်။ကားပေါ်ကနေ ခပ်ချောချောဦးလေးတစ်ယောက်ပြေးဆင်းလာပြီး အနွံ့ကိုလာထူပေးတယ်။
"ဘယ်နားထိသွားသေးလဲ။လက်တွေဘာတွေပွန်းပဲ့သွားသေးလား ကလေး"
အနွံငေးနေမိတာ။ဒီလောက်လှတဲ့ဦးလေးကြီးကို အနွံဘယ်မှာမြင်ဖူးနေတာလဲလို့လေ။ကလေးတဲ့ အနွံ့ဘဝမှာတစ်ခါမှတောင်မကြားဖူးလို့ ရင်ထဲလှိုက်တက်လာတဲ့အထိဘဲ။
"သားက တော်တော်လန့်သွားပုံဘဲ စကားတောင်မပြောနိုင်တော့ဘူး။ခေါက်ဆွဲဖိုးတွေကို ဦးကပြန်လျော်ပေးမယ်နော်။သားဘယ်မှာနေတာလဲ။ဦးပြန်လိုက်ပို့ပေးမယ်လေ..."
YOU ARE READING
နွံ(Completed )
Romansရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "