Part-20

25.1K 1.1K 79
                                    

ဒီနေ့ တစ်နေကုန်မနက်ကတည်းကနေ ရစ်ပါးစပ်ထဲစွဲနေတာက ဦးလွှမ်းမိုးရဲ့ချစ်တာကို ...ဆိုတဲ့သီချင်း။ဦးငယ်က အလုပ်လုပ်ရင်းသီချင်းလေးဖွင့်ထားတတ်တော့ ရစ်နားရည်ဝပြီးပါးစပ်ထဲတောင်စွဲနေခဲ့တာ။အခုလည်းစာအုပ်တွေအထပ်လိုက်သယ်ပြီး ဆရာမနားနေခန်းကိုသွားပို့နေတဲ့တစ်လျှောက် ကျောင်းကော်ရစ်ဒါမှာ ရစ်ရဲ့စည်းချက်ညီနေတဲ့ဖိနပ်အသံနဲ့အတူ သီချင်းသံသဲ့သဲ့က ထွက်ပေါ်နေတယ်။ကျောင်းသားတွေအားလုံးပြန်ကုန်ကြပြီမို့ ရစ်နဲ့ဆရာ၊ဆရာမအနည်းငယ်လောက်သာကျန်တော့တယ်။ဒီနေ့ရစ်ရဲ့အသင်းမို့ခေါင်းဆောင်ဖြစ်တဲ့ရစ်က အခန်းတံခါးသော့ပိတ်ဖို့နေခဲ့ရတယ်။ညီညီကစောင့်ပေးမယ်ပြောပေမယ့် ရစ်ကစောင့်ခိုင်းမနေတော့။ကျူရှင်လည်းသွားရဦးမှာဆိုတော့ အိမ်နဲ့ကျောင်းအနည်းငယ်လှမ်းတဲ့ညီညီက ရေချိုးပြင်ဆင်ဖို့အချိန်မီမှာမဟုတ်။အနွံ့ကိုလည်းမစောင့်ပါနဲ့ပြောပေမယ့် အချစ်ကလေးကပြောတယ်။ဘယ်ကိုဖြစ်ဖြစ် ကိုကိုနဲ့မှတဲ့။စိတ်ချမ်းသာစရာစကားလှလှလေးပါဘဲ။နွေးခနဲ မြခနဲ ကြည်နူးရပုံက ကောက်တေးလေးရဲ့စကားလေးတွေကြောင့်ဘဲ။တစ်ခါတလေများအူယားစဖွယ်ထပြောရင် အသည်းယားလွန်းလို့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့အထိဘဲ။ခပ်သွက်သွက်လေး စာအုပ်တွေထပ်ပြီးတာနဲ့ အနွံလေးဆီအသော့နှင်ရတယ်။

တွေ့ပါပြီ။စက်ဘီးကိုဒေါက်ထောက်ထားပြီး အုတ်ခုံမှာခပ်ရို့ရို့ထိုင်နေပုံလေးကအူယားစရာ။ရစ်နှောင်ကြိုး လွယ်အိတ်ကိုဘေးတစ်စောင်းပြင်လွယ်လိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ခြေလှမ်းတွေနဲ့လမ်းတစ်ဖက်ကိုကူးသွားလိုက်တယ်။

"ကောက်တေးနွံ... "

"ပြော...ပြော"

နှုတ်ခမ်းကိုထော်ထားပြီး မျက်စောင်းလေးထိုးခေါင်းလေးယမ်းယမ်းသွားတာက အနွံလေးရဲ့မူပိုင်အပြုအမူလေးတွေဘဲ။

"စိတ်ကောက်နေတာလား။နှုတ်ခမ်းကလည်း ဘဲနှုတ်သီးလိုထော်နေတာဘဲ "

"မ...မကောက်ဘူး"

မကောက်ဘူးပြောပေမယ့် စက်ဘီးထောက်ကိုဖြုတ်ပြီးအရှေ့ကနေကော့ပတ်ကော့ပတ်တွန်းပြီးသွားတယ်။ဒီလိုဖြစ်တော့မယ်ဆိုတာ မနက်ကတည်းကရစ်နှောင်ကြိုးကြိုသိလိုက်တယ်။သော်တပန်က အနွံ့အရှေ့လာပြီး သူတို့မိသားစုနဲ့အတူထမင်းသွားစားတဲ့နေ့က လက်ကိုင်ပဝါကျန်ခဲ့တယ်ဆိုပြီးလာပေးတော့ အနွံ့မျက်လုံးလေးတွေမှိုင်းကုန်တာ သူသိလိုက်တယ်။ဒယ်ဒီနဲ့ဦးငယ်ကအတင်းခေါ်နေတာကြောင့် စိတ်မပါလက်မပါနဲ့သူလိုက်သွားခဲ့ရတာ။သော်တပန်ဟာလေ သူ့ကလေးလေးစိတ်မကောင်းဖြစ်အောင်လုပ်ပြန်ပြီ။

နွံ(Completed )Where stories live. Discover now