သူငယ်ချင်းတွေက အနွံ့ကိုတွေ့လို့အံ့သြသွားကြမယ်ထင်ခဲ့ပေမယ့် တကယ်တမ်းကျ သူတို့ကအရင်သိနှင့်ခဲ့ကြပါသတဲ့။ညီညီက သူ့အဖေခိုင်းလို့အလုပ်ကိစ္စတစ်ခုနဲ့ လားရှိုးကိုလာရင်း အမှတ်မထင်ဘဲအနွံ့ကိုတွေ့ခဲ့တယ်လို့ပြောတယ်။သိသိချင်းမှာဘဲ သူတို့သုံးယောက်တိုင်ပင်ပြီး USမှာရှိနေတဲ့ကိုသစ်ကိုလှမ်းပြောတော့ ကိုသစ်ကရှိသမျှအလုပ်တွေဖျက်ပြီး အပြေးပြန်လာခဲ့ရပါတယ်။
အနွံအခုနေနေတဲ့မိသားစုလေးမှာ သားအဖနှစ်ယောက်ဘဲရှိပြီး ဆိုင်ရှေ့မှာယောင်လည်လည်လုပ်နေတဲ့အနွံ့ကိုမြင်တော့ ဆိုင်ပိုင်ရှင်အစ်ကိုက ခေါ်ယူစောင့်ရှောက်ထားပေးတာလို့ပြောပြတယ်။အခုတော့ ဆိုင်ပိုင်ရှင်အစ်ကိုနေတဲ့အိမ်ဘက်ကို သူတို့ငါးယောက်စလုံးထွက်လာခဲ့ပြီး အနွံလေးကိုစောင့်ရှောက်ပေးခဲ့တာတွေအတွက် တခုတ်တရကျေးဇူးတင်ချင်ခဲ့တယ်။
"ဒီလို လူကောင်းတွေနဲ့သာမတွေ့ဘဲ အန္တရာယ်တွေကြုံခဲ့ရရင် ကိုကိုတော့ရင်ကျိုးရမှာဘဲ အနွံလေးရယ်"
"အ...အစကတည်းက ဖြစ်ချင်ရာဖြစ် အ...အမေ့နောက်လိုက်သွားဖို့လုပ်ခဲ့တာ။ဒါ...ဒါပေမယ့် ကို...ကိုကို့ကြောင့် နောက်ဆံတင်းခဲ့ရတယ်။အ...အနွံတော့ ကို...ကိုကို့ကို ငြိ...ငြိတွယ်နေပြီ"
ဒီစကားကိုကြားလိုက်ရချိန်မှာ ရစ်နှောင်ကြိုးကမ္ဘာပျက်သလို တုန်လှုပ်သွားတယ်။အနွံသာ မရှိတော့ရင်ဆိုတဲ့နောက်ဆက်တွဲကို ဆက်ပြီးစဥ်းစားနိုင်စွမ်းမရှိခဲ့ဘူး။သူတို့နှစ်ယောက်ကြား ကြားလေတိုးလို့မရအောင်ကို တင်းကြပ်အောင်ဖက်ထားလိုက်တယ်။
"အဲဒီ ဦးနှောက်သေးသေးလေးနဲ့ အကုန်လုံးကိုလိုက်ပြီးပူပန်ပေးနေဖို့မလိုအပ်ဘူးလေ ကောက်တေးနွံရယ်"
"ကို...ကိုကိုနော်။မ...မဆူနဲ့"
"ဆူတာမှမဟုတ်တာ ချစ်လို့လေကွာ။ချစ်မဝလွန်းလို့"
ကိုကိုက အနွံ့လည်တိုင်လေးကိုမွတ်သိပ်စွာနမ်းရှိုက်တဲ့အခါ ပင့်သက်ရှိုက်သံကို ခပ်ပြင်းပြင်းကြားနေရတယ်။
"အရူးအမူးဘဲ ကလေးရယ်"
"ကို...ကိုကို့!"
"လွမ်းလိုက်ရတာ။ပူပန်ခဲ့လိုက်ရတာ။အနွံမရှိရင် ပြိုလဲသွားမယ့်ကောင်မို့ နောက်တစ်ခါပူပန်ပေးချင်ရင် မင်းကိုသိပ်ချစ်တဲ့ဒီကောင့်ကိုဘဲပူပန်ပေး"
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "