လမ်းလျှောက်ပွဲမှပြန်လာချိန်မှာတော့ ခပ်နွေးနွေးနေရောင်ခြည်ကိုမြင်နေရပြီး ကျောင်းသား၊ကျောင်းသူအားလုံးက ကိုယ်စီအိမ်ပြန်သွားကြလေပြီ။ဒီနေ့က ပုံမှန်နေ့တွေထက် နှင်းပိုကျတော့ မြင်ရသမျှဟာဝေဝေဝါးဝါး။
"အနွံ "
တည်ငြိမ်တဲ့ရစ်ရဲ့အသံကိုကြားတာနဲ့ အနွံကမော့ကြည့်တယ်။ရစ်က ရေဘူးကိုကမ်းပေးလိုက်တော့ လမ်းလျှောက်နေရင်းရပ်ကာ ရေသောက်တယ်။လည်ဇလုပ်လေးက အထက်အောက်ရွေ့လျားသွားတာကိုငေးကြည့်ရင်း သူကိုယ်တိုင်ပင် နှုတ်ခမ်းသပ်လိုက်မိတယ်။အားကစားဝတ်စုံ အဖြူစွတ်စွတ်ကို အားကစားဖိနပ်အဖြူနဲ့တွဲဝတ်ထားတဲ့အနွံက တကယ့်စံပယ်ဖြူလေးလို။သက်ရှိစံပယ်ဖြူလေးဟာ သက်ဆင်းနွံဘဲဖြစ်မှာ။
ညီညီနဲ့ဆောင်းဟေသီက အရှေ့ကိုကြိုရောက်နေပြီး အနောက်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့နှစ်ယောက်ကိုလှမ်းခေါ်တယ်။
"ဗိုက်ဆာတယ်ဟာ တစ်ခုခုစားရအောင် "
အစားအသောက်နဲ့ပက်သက်ရင် သည်းမခံနိုင်တဲ့ဆောင်းဟေသီက ဆော်သြလာတော့ ကျွန်တော်တို့သုံးယောက်ခေါင်းညိတ်ရပြန်တယ်။
"အနွံ...ဗိုက်ဆာနေလားဟင်"
အနွံကခေါင်းညိတ်ပြတယ်။တစ်ဆက်တည်းမှာဘဲ ညီညီက လက်ညှိုးထိုးကာ အန်ပြတယ်။ဆောင်းဟေသီက တကယ်အန်တယ်ထင်ကာ ကျောကိုတဘုန်းဘုန်းအသံမြည်အောင်ရိုက်တော့တယ်။
"တော်...တော်ပါတော့ဟ။နာလိုက်တာ ဆောင်းဟေသီရယ်။နင်လက်ဝှေ့ထိုးစားပါလား "
"ဟဲ့ အန်နေတယ်ထင်လို့ကူညီတာလေ။ကျေးဇူးလာကန်းနေတယ် ကောင်စုတ်"
"နင်မကြားလိုက်ဘူးလား။ဒီကောင် အနွံ့ကိုစကားပြောတဲ့အသံကိုလေ။ပျားရည်တောင်သူ့လောက်မချိုဘူး။တကယ်အော်ဂလီဆန်လာလို့ "
ထိုအခါမှ ဆောင်းဟေသီက သူလွဲပုံကိုသိပြီးတဟားဟားရယ်တော့တယ်။ဆောင်းဟေသီက သိပ်ပြီးမိန်းကလေးမဆန်တာကြောင့်လည်း သူတို့နဲ့ကီးကိုက်တာဖြစ်မယ်။အနွံ့ကို ရစ်လှည့်ကြည့်လိုက်တော့ပြုံးရုံသာပြုံးနေတယ်။နံနက်ခြောက်နာရီလောက်ဘဲရှိသေးတာကြောင့် လက်ဖက်ရည်ဆိုင်လောက်သာဖွင့်သေးတယ်။လက်ဖက်ရည်ဆိုင်ထဲသို့ လေးယောက်လုံးဝင်ထိုင်လိုက်ပြီး မှာစရာရှိတာမှာလိုက်ကြတယ်။မုန့်တွေလာမချပေးခင်မှာ ဆောင်းဟေသီရဲ့ ရောက်တတ်ရာရာအပြောများကိုနားထောင်ရင်း ပြုံးမိကြသေးတယ်။ဆောင်းဟေသီက ကျွန်တော်တို့အဖွဲ့ရဲ့ဟဒယရွှင်ဆေးလို...။
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "