Part-16

25.4K 1.1K 306
                                    

"အစ်ကိုလေး ဘယ်သွားမလို့လဲ"

"အပြင်သွားမလို့လေ။ထူးထူးဆန်းဆန်းဘာလို့လာမေးနေတာလဲ"

"ဆရာက အစ်ကိုလေးကိုစောင့်ကြည့်ဖို့ မှာထားလို့ပါ"

ဟန်သစ်လွင် မကြိုက်တာကလည်း အဲဒီလိုသူ့ကိုstalkနေတာတွေဘဲ။ဂရုစိုက်တာမဟုတ်ဘဲ သူ့ကြောင့်နာမည်ပျက်မှာစိုးရိမ်နေတာ။အခုလည်းဒီအိမ်ကြီးမှာ သူ့ကိုတစ်ယောက်ထဲထားခဲ့တာ။အဖေတစ်ယောက်လုံးခရီးထွက်သွားတာတောင် အိမ်ကအလုပ်သမားတွေပြောမှသိရတဲ့သူ့အဖြစ်။အချိန်တန်ရင် စားရတယ်၊သောက်ရတယ်။လစဥ်သူ့အတွက်မုန့်ဖိုးရတယ်။ဒီအခြေအနေနဲ့သူကနေသားကျပြီးသားမို့ ထွေထွေထူးထူးဘာမှမလိုအပ်တော့ပေ။အဖေ့အတွက် သူကမရှိမဖြစ်မဟုတ်သလို အမေ့အတွက်လည်းသူကသိပ်အဖိုးတန်တဲ့သားတစ်ယောက်ဟုတ်မနေ။နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲပြီးသည့်အချိန်ကစပြီး
အမေကလည်းသူ့ဆီတစ်ခါလေးတောင် မဆက်သွယ်တော့ သူ့ကိုဘယ်သူကမှအရေးတယူမရှိတာကိုနားလည်လာတယ်။

"ညစာကို အပြင်ကဘဲစားခဲ့မှာ။နည်းနည်းနောက်ကျမှာမို့ တံခါးလာမဖွင့်ပေးလည်းရတယ်။ကျွန်တော် အိမ်သော့အပိုယူသွားမယ်"

"အစ်ကိုလေး ဆရာသိရင်ကျွန်မတို့ကိုဆူမှာရှင့်။ညခုနစ်နာရီနောက်ဆုံးထားပြီးပြန်လာပေးပါနော်"

"ပြန်မပြောရင်ဘာမှမဖြစ်ပါဘူး။ကျွန်တော်သွားပြီ"

စားပွဲပေါ်တင်ထားတဲ့ NIKEတံဆိပ်နဲ့အိတ်ကို သူယူလိုက်တယ်။အရင်နေ့က ဆိုင်ကယ်စီးပြိုင်ကြရင်းတစ်ဖက်အဖွဲ့နဲ့ရန်ဖြစ်ထားတာကြောင့် သူ့မျက်နှာဟာဖူးယောင်နေတယ်။နှုတ်ခမ်းထောင့်စွန်းကသွေးစို့ပြီးကွဲနေတာကြောင့် ရေသောက်ရင်တောင်အခက်အခဲဖြစ်နေတော့ အစာစားချင်စိတ်ပါပျောက်ရှနေတယ်။သူ့စိတ်ထဲမတင်မကျဖြစ်နေတာက ယမန်နေ့ကရစ်နှောင်ကြိုးအနေနဲ့သူ့ကိုဘာကြောင့် ကူညီခဲ့သလဲဆိုတာပဲ။သူနဲ့ကိုယ့်ကြားမှာထောက်ထားစရာဘာမှမှရှိမနေတာကို။စဥ်းစားရင်းနဲ့ဘဲ သူလိုရာခရီးကိုရောက်ခဲ့တယ်။တစ်ကြိမ်တစ်ခါသာရောက်ဖူးပေမယ့် သူခဏတိုင်းလာချင်မိတဲ့ရပ်ကွက်လေးဟာ သစ္စာငြိမ်ဆိုတဲ့ရပ်ကွက်လေး။နာမည်နဲ့လိုက်အောင်ကို သူဖြတ်သွားတိုင်းရန်ပွဲတစ်ခုမဟုတ်တစ်ခုမြင်နေရတဲ့ ရပ်ကွက်လေးဆိုပိုမှန်မယ်။သူခဏခဏလာဖြစ်တဲ့အကြောင်းပြချက်က တကယ်ကိုတစ်ခုတည်းကြောင့်ဘဲ။အေးစက်လွန်းတဲ့သူ့ဘဝထဲကို တည့်တည့်ဝင်တိုးလာတဲ့ဝါဂွမ်းဖြူလေးကြောင့်လို့ဆိုရမယ်။ရည်းစားရှုပ်ခဲ့တဲ့ကောင်ဟာ ခြေငြိမ်စပြုလာတယ်။သူ့အတွက်ဆိုပြီး ရည်ရွယ်တတ်လာတယ်။သူ့သူငယ်ချင်းတွေနဲ့ပျော်နေပုံလေးကိုမြင်ရတိုင်း တိတ်တခိုးရယ်တတ်လာတယ်။ကိုယ့်ကိုခင်တယ်ပြောပေမယ့် ထဲထဲဝင်ဝင်မရှိတာကိုလည်းသတိထားမိတော့ အဝေးကလှမ်းငေးခြင်းတွေမှာဘဲ သူဟာရောင့်ရဲခဲ့ရတယ်။ကျွန်တော့်ကြောင့် သူ့ကမ္ဘာလေးကိုမထိပါးရက်တာကြောင့် အလိုလောဘလေးကိုထိန်းချုပ်ခဲ့ရပြန်တယ်။

နွံ(Completed )Where stories live. Discover now