ရွှေမြတ်ဂုဏ်တဲ့...။
မှန်ပေါ်မှာပေါ်နေတဲ့သူမပုံရိပ်ကိုစူးစူးစိုက်စိုက်ကြည့်ရင်း အားပျော့တဲ့အပြုံးတွေနဲ့ပြုံးလိုက်မိပြန်တယ်။အမြဲသယ်ပိုးထားခဲ့ရတဲ့နာကျင်စရာဒဏ်ရာတွေက မျက်ဝန်းနှာအတိုင်းသားပေါ်နေသလိုကြေကွဲစို့နစ်နေတယ်။မိဘတွေကတော့ ဘယ်လိုအဓိပ္ပါယ်နဲ့သူမနာမည်ကိုပေးခဲ့သလဲမသိပေမယ့် သူမဘဝမှာအပြင်ပိုင်းချမ်းသာပြည့်စုံနေတာကလွဲရင် ဘာဆိုဘာမှရှိမနေခဲ့ဘူး။တစ်စက်ကလေးတောင်မကောင်းခဲ့တဲ့သူက ဘာလို့အသက်ရှည်နေရသလဲဆိုတဲ့မေးခွန်းကိုဖြေရရင် အရှင်လတ်လတ်ငရဲကိုခံစားရဖို့ပေါ့လို့ဖြေရမယ်။ဟုတ်တယ် ငရဲဘဲ။စက္ကန့်လေးတွေနဲ့အမျှ လုပ်ခဲ့သမျှအရိပ်ဆိုးတွေက သူ့ကိုခြောက်လှန့်နေလို့ တစ်ညမှတောင် ကောင်းကောင်းအိပ်မပျော်ဘဲ ကြောက်လန့်နေခဲ့ရတယ်။ဘုရားမှာအမြဲဆုတောင်းတာက အမြန်ဆုံးသေဆုံးသွားဖို့ဆိုပေမယ့် အမိုက်မဲမရဲ့ဆုတောင်းသံတွေကိုဘုရားဟာမဖြည့်ဆည်းပေးခဲ့ဘူး။
အသက်ကလေးရလာလို့ အတ္တ၊မာနတွေလျော့သွားသလားမပြောတတ်ပေမယ့် တစ်စုံတစ်ယောက်လေးကိုဝန်ခံဖို့သတ္တိမရှိခဲ့တာဟာဒီနေ့ဒီအချိန်ထိပါဘဲ။အံ့ဘုန်းတို့မိသားစုကို ဒီအတိုင်းလွှတ်ထားလိုက်ပြီး ဘာဆိုဘာမှဝင်မစွက်ဖက်တော့တာလည်းကြာရော့ပေါ့။သူ့ရဲ့မဆင်မခြင်လုပ်ရပ်တွေဟာ ဘဝပေါင်းများစွာကိုပျက်စီးစေခဲ့မှန်းသိပေမယ့် တောင်းပန်စကားဆိုရုံကလွဲလို့သူဘာမှမတတ်နိုင်ဘူး။ဒါကြောင့်လည်း ကံကြမ္မာကပေးမယ့်အပြစ်ကို စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့ရတယ်။သုံးပတ်တစ်ခါလောက်တော့ ရန်ကုန်အိမ်ကိုရောက်ဖြစ်ပေမယ့် မန္တလေးမှာဘဲအနေများတယ်။စီးပွားရေးတွေက မန္တလေးမှာဘဲဆိုတော့ အကုန်လုံးကိုပစ်ထားပြီး ခဏခဏလာနေလို့ကလည်းမဖြစ်ဘူးလေ။တစ်ယောက်တည်း ရောက်တတ်ရာရာတွေးနေတုန်းမှာ ဖုန်းမြည်သံဟာသူ့ကိုတုန်လှုပ်သွားစေတယ်။
"ဟယ်လို"
-မေ မမမြတ်နဲ့တွေ့ချင်တယ်။အခုလာခဲ့ပါနော်။
"မမ အခုလာပြီချာတိတ်"
ဖုန်းတစ်ဖက်ခြမ်းကထွက်လာတဲ့ တိုးသဲ့သဲ့ငိုသံရောနေတဲ့စကားလုံးတွေကြားမှာ နှလုံးသားကနာဖျားသလိုတဆစ်ဆစ်အောင့်မျက်တယ်။ငယ်ငယ်ကလို တစ်ခုခုဆိုတာနဲ့ သူ့ကိုပြေးတိုင်တတ်တဲ့ချာတိတ်လေးကိုပြန်မြင်ယောင်လာရင်း ခံစားချက်တွေဟာအမျိုးစုံကြိုးခုန်နေခဲ့တယ်။မေဟာ တကယ့်ချစ်စဖွယ်လေးဘဲ။သူမရဲ့ သောကလှလှလေးဘဲ။ကားသော့ကိုယူပြီး အဆက်မပြတ်မောင်းနှင်သွားတာက မေ့အိမ်ရှိရာသို့...။
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "