အနွံက နေ့တစ်ပိုင်းခွင့်ယူထားပြီး နေ့လည်မှကျောင်းကိုရောက်လာတယ်။မျက်နှာကမှိုင်တွေနေပြီး တစ်ခုခုဖြစ်နေတယ်လို့ သူတို့အားလုံးထင်နေကြပေမယ့် အနွံ့ဘက်ကနေအခုထိစကားတစ်လုံးမှမစလာသေး။အနွံကစာသင်ခုံအလည်မှာထိုင်နေပြီး သူ့ပတ်ပတ်လည်မှာ ရစ်၊ညီညီ၊ဟန်သစ်လွင်နဲ့ဆောင်းတို့ကဝိုင်းပြီးထိုင်နေတယ်။
"မနက်က ဘာလို့ကျောင်းမလာတာလဲအနွံ။အန်တီမေ နေမကောင်းလို့လား "
ဆောင်းရဲ့အမေးကို အနွံကခေါင်းရမ်းပြတယ်။အားလုံးက တစ်ယောက်မျက်နှာတစ်ယောက်လှည့်ကြည့်ကြပြီး မျက်ခုံးပင့်လျက်မျက်လုံးချင်းစကားပြောကြတယ်။အကုန်လုံးပြိုင်တူခေါင်းရမ်းလိုက်ကြပြီး အနွံ့နှုတ်ထွက်စကားကိုသာမျှော်လင့်ရပြန်တယ်။
"လူ...လူကကောင်းပေမယ့်... အ...အမေ့စိတ်လေး ဝမ်းနည်းနေလို့"
အနွံက ညကပွဲစျေးကအပြန်သူတို့ကြုံခဲ့ရသမျှဖြစ်ကြောင်းကုန်စင်ကိုရှင်းပြတော့ အားလုံးမျက်နှာက အမျိုးစုံသောအရောင်တွေဖြတ်ပြေးလို့ အံ့သြနေကြတယ်။ဘယ်သူကများ ဒီလောက်လုပ်ရက်ရတာလဲလို့ ကိုယ်စီအတွေးများနေခဲ့ကြတယ်။သူတို့အနေနဲ့လည်း စဥ်းစားလို့မရပေ။အနွံရော အန်တီမေပါသိပ်စိတ်မကောင်းဖြစ်နေရှာမှာ။မှိုင်နေတဲ့အနွံ့မျက်နှာလေးဟာလည်း စိတ်နွမ်းလျမှုတွေကြောင့်လန်းမလာတော့ပေ။
အမေညကတစ်ညလုံးမအိပ်ဘဲငိုနေတာ အနွံကြားရတယ်။ဒီနေ့လည်း အမေဆိုင်မထွက်နိုင်ဘူး။အိမ်ရှေ့ကနေ ဆိုင်မထွက်ဘူးလားလို့လှမ်းအော်သံတွေကို အနွံတို့သားအမိ ခေါင်းခါပြရတာလည်းညောင်းလှပြီ။အမေက အနွံ့ကိုစိတ်မညစ်စေချင်လို့ထင်ရဲ့။"အမေတို့အဆင်ပြေသွားမှာပါ အနွံရယ်"လို့ပြောရှာတယ်။ဒါပေမယ့် အမေ့မှာဆိုင်ကိုပြန်ရင်းဖို့ငွေမရှိဘူး။အနွံ့စုဗူးလေးကိုခွဲပြီး ရသမျှပိုက်ဆံအကုန်အမေ့ကိုပေးလိုက်တာတောင် "ခုံတွေကိုပါတစ်စစီရိုက်ချိုးသွားလို့ ဒါလေးနဲ့တော့မလောက်လောက်ဘူးသားရယ် "လို့အမေကငြီးငြီးငြူငြူလေးပြောပြန်တယ်။အနွံ အမေ့ကို ဒီအခြေအနေကနေမကူညီနိုင်လို့ တကယ်စိတ်မကောင်းဖြစ်ရတယ်။သားတစ်ယောက်အနေနဲ့ အနွံဘာတာဝန်မှမယူနိုင်လို့ စိတ်ကလေးနွမ်းလျရပါတယ်။
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "