လေဆိပ်တွင် တစ်နှစ်သားအရွယ်ကလေးလေးကိုပွေ့ချီထားတဲ့အမျိုးသမီးဟာ အရှေ့သို့တမျှော်မျှော်ကြည့်ရင်း တစ်စုံတစ်ယောက်ကိုမျှော်နေပုံရတယ်။ကလေးငယ်လေးဟာလည်း ပြုံးရယ်နေပြီး တခစ်ခစ်ရယ်မောနေတယ်။
"မား..."
"ရှင့်"
"ဖေ့"
သားငယ်လေး လက်ညှိုးထိုးပြတဲ့ဆီကို ဟယ်လင်ကြည့်လိုက်တော့ ရင်ခုန်နှုန်းတွေဟာပြင်းပြလာတယ်။မျက်ရည်တွေလည်လာသလို ရင်ထဲတသိမ့်သိမ့်နဲ့။လွမ်းခဲ့ရတဲ့နေ့ရက်တွေမှာ သားရဲ့မျက်နှာလေးကိုသာကြည့်ရင်း လွမ်းစိတ်ဖြေခဲ့ရတယ်။
သူတို့သားအမိဆီလျှောက်လှမ်းလာသူက လက်တစ်ဖက်မှာ နက်ပြာရောင်ကုတ်ကိုလွှားတင်ထားပြီး pilot uniformနဲ့မို့ သိပ်ကိုခံ့ညားနေတယ်။ခြေလှမ်းတစ်လှမ်းစီတိုင်းက ယုံကြည်မှုအပြည့်နဲ့တက်ကြွနေပြီး အသက်ရှူမှားလောက်အောင်ကိုဆွဲဆောင်မှုရှိလွန်းတယ်။
"မမ"
"ဒါလင်"
ကိုသစ်က ဟယ်လင့်လက်ထဲကနေသားကိုပြောင်းချီလိုက်ပြီး သားရဲ့ပါးကိုနမ်းတော့ တခစ်ခစ်နဲ့ရယ်တယ်။သားက ကိုသစ်နဲ့တူတော့ အသားညိုတယ်။ကိုသစ်ပေါက်စလို့ပြောလို့ရတဲ့အထိကို ကိုသစ်ငယ်ရုပ်အတိုင်း။ဒါပေမယ့် မျက်လုံးတွေကတော့ သူ့အမေလိုခပ်စူးစူးနဲ့ တောက်ပနေတာမျိုး။ကိုသစ်က ဟယ်လင့်နဖူးကိုလည်းနမ်းလိုက်ပြီး တစ်ဖက်ကသားကိုချီ၊လက်တစ်ဖက်က လက်ဆွဲအိတ်ကိုကိုင်လျက်ထွက်လာတယ်။
"ဆေးရုံမသွားဘူးလားမမ"
"duty offလေ။မာမီတို့လည်း အိမ်မှာရှိတယ်"
"ဒါဆိုရင် အဏ္ဏဝါသစ်လွင်တို့ကတော့ ပျော်နေတော့မှာပေါ့။အချစ်ကလေးရောက်နေတော့လေ"
"ဟုတ်"
"လိမ္မာလိုက်တာကွာ"
ဟယ်လင်က ကားရပ်ထားတဲ့နေရာကိုရောက်တာနဲ့ သားကိုပြန်ချီလိုက်တယ်။အထုပ်အပိုးတွေ ကားပေါ်တင်လိုက်ပြီးနောက် ကိုသစ်က ယာဥ်မောင်းနေရာမှာဝင်ထိုင်လိုက်တယ်။ကားမောင်းနေတဲ့တောက်လျှောက် သားကသူ့အမေသင်ပေးထားတဲ့အသီးအနှံနာမည်လေးတွေကို အင်္ဂလိပ်လိုပြောပြတယ်။ကားထဲမှာ အသီးအနှံကတ်လေးတွေထည့်ထားတတ်တော့ သားကအကုန်လုံးကိုရွတ်ပြနေတယ်။ဒါကိုကြည့်ရင်း ကိုသစ်ကတပြုံးပြုံး။မြန်မာစကားကိုပါ နည်းနည်းစီသင်ပေးထားတာကြောင့် သားကအကုန်နားလည်တယ်။အိမ်ကိုရောက်တော့ ယောက္ခမဖြစ်သူက သမက်ကိုမြင်တာနဲ့အပြုံးနဲ့ဆီးကြိုတယ်။
![](https://img.wattpad.com/cover/317314140-288-k297280.jpg)
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "