Part-3

32.8K 1.8K 285
                                    

"ကလေးတို့ ...မြန်မာကဗျာပုံနှိပ် ထုတ်မယ် "

ဆရာကwhiteboardတွင် ခေါင်းစဉ်တစ်ခုကိုစတင်ရေးလိုက်ပြီး ခေါင်းစဥ်နဲ့ပက်သက်တဲ့အခြားဗဟုသုတတွေကိုစတင်ပြောတော့မယ်။အနွံက တစ်လကျော်လောက်ကျောင်းနောက်ကျထားတာဖြစ်တဲ့အတွက် အမီပြန်လိုက်နိုင်ဖို့သူများထက်နှစ်ဆပိုကြိုးစားမှရလိမ့်မယ်။အနွံ့စာအုပ်ကို ခုံပေါ်တင်လိုက်တော့ရစ်နှောင်ကြိုးဆိုတဲ့တစ်ယောက်က အနွံကိုလှည့်ကြည့်တယ်။ကြောက်လန့်ပြီး အင်္ကျီအနားစတွေလုံးခေနေတဲ့သူ့ကို အသံထွက်ရုံရယ်လိုက်သေးတယ်။

အနွံညီမင်းညိုကိုမကြောက်ပေမယ့် ရစ်နှောင်ကြိုးဆိုသူကိုတော့ကြောက်တယ်။အများနဲ့မတူတစ်ယောက်ထဲကွက်ထူးနေတယ်ပြောရမလား။ငွေရောင်အပေါ်မှာမှ
ခရမ်းရောင်သမ်းနေတဲ့အရောင်ကိုဆိုးထားသေးတယ်။ရုပ်လေးချောလို့သာလိုက်ဖက်နေပေမယ့် အနွံတို့ရပ်ကွက်ထဲကအဒေါ်ကြီးတွေပြောသလိုဆို ပလုံကောက်တဲ့ကလေးတွေဘဲဆံပင်ဆေးဆိုးကြတာတဲ့။အမြဲရန်လိုပြီး မျက်မှောင်ကျုံ့မနေရင် သူလည်းချောတာဘဲကို အခုတော့အနွံအသက်မရှူရဲအောင်ကိုစိုက်ကြည့်နေတယ်။

ရစ်ကိုမျက်လုံးဝိုင်းများဖြင့် ပြူးကြောင်ကြည့်နေတဲ့ကောင်လေးကြောင့် မျက်ခုံးတို့ကိုတွန့်ချိုးထားလိုက်တယ်။သူဒီကောင်​လေးကိုရင်းရင်းနှီးနှီး မြင်ဖူးနေတာ။ဗလာစာအုပ်ပေါ်တွင် မောင်သက်ဆင်းနွံဟူသော အမည်ကိုရေးထိုးထားသည်မှာ ညီညာဝိုင်းစက်လွန်းတယ်။ဒီလိုကျောင်းတောင်scholarshipနဲ့ဝင်လာတာ တော်ရုံစာတော်ရုံနဲ့တော့မရပေ။

"ဘာကြည့်နေတာတာလဲ "

ရစ် ဘောက်ဆတ်ဆတ်မေးလိုက်တော့ ခန္ဓာကိုယ်လေးတုန်တက်သွားပြီး မျက်ရည်တွေပါဝိုင်းလာတယ်။တစ်ဆက်တည်းမှာဘဲ ခေါင်းကစောင်းသွားတယ်။

"မင်း ...မင်းကရော ဘာ...ဘာလို့ကြည့်နေတာလဲ "

ကတ်ကတ်လန်အောင်ပြန်ပြောနေပေမယ့် ကြောက်လွန်းလို့ အနွံအသံတွေကတုန်နေတယ်။မသိချင်ယောင်ဆောင်ပြီး ရှေ့တည့်တည့်ကိုဘဲကြည့်နေလိုက်တော့ ဆရာကစာရှင်းပြနေတုန်း။ဆရာဘာရှင်းပြနေမှန်းတောင်မသိလိုက်တဲ့အထိ ဘေးကလူကအာရုံနောက်လွန်းတယ်။

နွံ(Completed )Where stories live. Discover now