ယခင်နေ့ရက်များလို အသက်ဝင်လှုပ်ရှားနေဆဲဖြစ်သော ကားလမ်းမကြီးတွင် ပြည့်ကြပ်နေသောကားများရဲ့သွားလာလှုပ်ရှားမှုကလည်း နေ့စဥ်ပြယုဂ်တစ်ခုလိုပင်။။မီးပွိုင့်တွင် သတင်းစာအော်ရောင်းသည့်ကလေးများ၊ပန်းရောင်းသည့်ကလေးများနှင့် ငုံးဥပြုတ်၊ကြက်ဥပြုတ်မှအစ ကွမ်းယာဆေးလိပ်အထိ အသံဝင်အောင်အော်ရောင်းကြရင်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ကြိုးစားရုန်းကန်နေကြရသူများလည်းရှိကြတယ်။
အနွံတို့လိုအောက်ခြေလူတန်းစားတွေအတွက် ထမင်းတစ်နပ်စားရရေးဟာ အဲဒီလောက်အထိကို ဘဝတွေကြမ်းတမ်းပါတယ်။မီးပွိုင့်နီနေချိန်မှာ အပြေးအလွှားလုယက်ရောင်းရတာကြောင့် အနွံပြေးသွားမိတယ်။နေပူပူမှာပြေးနေရတာမို့ အာချောင်တွေခြောက်လာတယ်။
"အန်... အန်တီ စံပယ်ပန်းလေးယူ...ယူဦးမလားဗျ... "
အနွံခေါင်းလေးစောင်းငဲ့သွားရင်း အဖြူရောင်ကားကြီးအတွင်းမှအမျိုးသမီးကြီးဟာလည်း အနွံ့ကို သေချာအကဲခတ်ကြည့်နေတယ်။ဒီလိုအကြည့်တွေက အနွံ့ကိုပထမဆုံးမြင်ဖူးသူတိုင်းရဲ့တုံ့ပြန်မှုတစ်ခုပါဘဲ။
"သားကလေ တကယ်ချစ်စရာလေးသိလား။အောင်မြင်မယ့် ဥပဓိရုပ်လေး "
ခပ်ပြုံးပြုံးဆိုလာတဲ့ အန်တီ့မျက်လုံးတွေဟာ စူးရှထက်မြက်ပြီး ကြည်လင်ပါတယ်။အနွံပြုံးပြလိုက်တော့ ပါးမို့လေးဟာအနွံမျက်ဝန်းကျဥ်းကျဥ်းတွေကိုပိတ်ပစ်လိုက်မှာအသေအချာ။
"စံပယ်ပန်းက ဘယ်လိုရောင်းတာလဲသား "
"တစ်ရာဖိုး ဆယ်...ဆယ်ကုံးပါ..။ရှစ်..ရှစ်ရာဖိုးလောက်ကျန်သေးပေမယ့် အကုန်လုံးကို ခြောက်...ခြောက်ရာဘဲ ပေး...ပေးပါ...ကျစ် "
အန်တီကြီးက ခေါင်းသာညိတ်ပြပြီးအနွံ့ဆီက ပန်းအားလုံးကိုဝယ်လိုက်တယ်။အနွံကတစ်ခါတလေဆို ဒီလိုလေးလည်းကံကောင်းသေးတာ။ပန်းတွေကုန်ပြီဆိုတာနဲ့ ကျောင်းသွားဖို့အတွက် အနွံအိမ်ကိုအပြေးပြန်လာခဲ့လိုက်တယ်။အိမ်ရောက်တော့ မေမေက ရေတုံကင်မှာရေဆွဲနေသည်ကို တွေ့လိုက်ရတော့ အမေ့ဆီအပြေးသွားလိုက်ပြီး...
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "