Part-8

31K 1.7K 220
                                    

နောက်ဆုံး bioဖြေရမည့်ရက်သို့ရောက်ရှိလာပြီဖြစ်တာကြောင့် ကျောင်းသားတွေရဲ့မျက်နှာကပုံမှန်ထက်ရွှင်မြူးနေတယ်။။တစ်ခန်းတွင်အယောက်နှစ်ဆယ်သာ ဖြေရတာကြောင့် ခုံနံပါတ်ကပ်ရပ်ဖြစ်တဲ့ ရစ်နှောင်ကြိုးနှင့်ညီမင်းညိုကတော့ အခန်းတူတယ်။သက်ဆင်းနွံနဲ့ဆောင်းကတော့ သူတို့နဲ့ကပ်ရပ်အခန်းမှာဖြစ်တယ်။ခေါင်းလောင်းတီးလိုက်တော့ အခန်းစောင့်ဆရာက အဖြေလွှာများကို သိမ်းဆည်းလိုက်တယ်။ပြီးမှတစ်တန်းစီထွက်ခိုင်းတယ်။အခန်းအပြင်ရောက်တော့ ကျောင်းသားများက အကြိတ်အနယ်ကိုအဖြေတိုက်နေကြတော့တယ်။။ရစ်နှောင်ကြိုးကတော့ စာမေးပွဲဖြေပြီးလျှင် ဘယ်သောအခါမှအဖြေမတိုက်။ဖြေခဲ့ပြီးပြီလေ ပြန်ပြင်လို့မှမရတော့ဘဲကို။မှားရင်စိတ်သောကကရောက်နေရဦးမယ်။ဒါမျိုးအလုပ်တွေ ရစ်နှောင်ကြိုးဘယ်တုန်းကမှမလုပ်ပေ။

"ရစ် ငါပြန်နှင့်မယ်နော်။မေမေကညနေကျရင် ဘုရားသွားချင်လို့ဆိုလို့ ။ငါလိုက်သွားပေးရမှာမို့ "

"အင်း သွားလေ"

"မင်းလည်းဂရုစိုက်ပြန်"

ညီညီက အရင်ထွက်သွားတယ်။ရစ်ကကျောပိုးအိတ်ကို တစ်ဖက်တည်းလွယ်ထားပြီး လူအုပ်တွေကြားထဲကမှ အသေးဆုံးကောင်လေးကိုရှာနေတယ်။လူတွေအများကြီးကို တွန်းတိုက်ပြီးနောက် ကော်ရစ်ဒါတွင်ရပ်နေကာ မိန်းကလေးတစ်ယောက်နှင့်စကားပြောနေသော ကောင်လေးကိုတွေ့လိုက်ရတယ်။ထိုမိန်းကလေးက အနွံ့လက်ကိုကိုင်ကာ တစ်ခုခုပေးနေပုံရတယ်။ဒေါသကထောင်းခနဲထွက်သွားပြီး လေလိုအလျင်ဖြင့်အဲဒီ့နေရာနားရောက်သွားကာ ထိုမိန်းကလေးကိုလည်း တွန်းလိုက်မိတယ်။

"မိန်းကလေးတန်မဲ့ ယောက်ျားလေးကိုရည်းစားစာပေးနေတာမရှက်ဘူးလား "

ရစ်အော်သံက ကျယ်တာကြောင့် ဘေးနားကကျောင်းသားတွေကပါ သူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်လာတယ်။ထိုမိန်းကလေးက မျက်ရည်တွေဝိုင်းလာပြီး ချက်ချင်းလှည့်ပြေးသွားတယ်။တစ်ဆက်တည်းမှာဘဲ ရစ်နှောင်ကြိုးက အနွံ့လက်ထဲက စာကိုဆွဲယူကာ ဖြဲလိုက်တယ်။

နွံ(Completed )Where stories live. Discover now