ဆောင်းရာသီရဲ့အငွေ့အသက်ကို လုံးလုံးလျားလျားခံစားနေရပြီမို့လားမသိပေမယ့် ညနေခြောက်နာရီမထိုးသေးခင်မှာဘဲအမှောင်ထုကလွှမ်းခြုံသွားတယ်။စိမ်းသက်နေတဲ့လေညင်းက ခပ်စိပ်စိပ်တိုက်ခတ်နေပြီး အချမ်းပိုနေပြန်တယ်။ကားမောင်းရတာထက် ဆိုင်ကယ်စီးရတာကိုပိုနှစ်ခြိုက်တဲ့ဟန်သစ်လွင်က မေမေ့အိမ်ရှိရာကိုလည်း သူ့ရဲ့အချစ်တော်ဆိုင်ကယ်ကိုသာအားကိုးပြီးလာခဲ့ရတယ်။မြန်မာပြည်ကိုခြေပြန်ချတဲ့နေ့မှာ သူအတွေ့ချင်ဆုံးကဖေဖေနဲ့မေမေဆိုပေမယ့် အခုထိသူ့ဆန္ဒမပြည့်ဝသေးပေ။ဖေဖေအိပ်မကပ်တာ လွန်ခဲ့တဲ့နှစ်တွေကတည်းကဆိုတဲ့စကားကို မိသုဆီကကြားရတော့လည်းသာမန်ဖြစ်စဥ်တစ်ခုလိုဘဲသဘောထားပြီး စိတ်ထဲကထုတ်လိုက်တယ်။ဖေဖေဟာ ဘဝကိုအရှုံးပေးလိုက်ပြီမှန်း ဟန်သစ်လွင်သိပါတယ်။
ဟန်သစ်လွင် မေမေ့အိမ်ရှေ့ကိုရောက်တော့ ဆိုင်ကယ်ဒေါက်ကိုထောက်လိုက်ပြီး Helmetကိုလက်မှာပိုက်ထားလျက် တမေ့တမောကြီးရပ်ကြည့်နေမိတယ်။ဘဲလ်ကိုအကြိမ်များစွာတီးလိုက်တော့ တံခါးလာဖွင့်ပေးသူဟာ သူမမျှော်လင့်ထားခဲ့တဲ့သူ။စိတ်ပျက်ခြင်း၊ရွံရှာခြင်းတွေပြည့်နေတဲ့အကြည့်နဲ့ အဲဒီလူကိုအထက်အောက်စုံဆန်ကြည့်လိုက်ပြီး မျက်နှာကိုမဲ့ပစ်လိုက်တယ်။သူ့ယုတ်မာမှုအလုံးစုံကို သိထားတဲ့ဟန်သစ်လွင်အတွက်တော့ ဒီလူ့မျက်နှာမြင်ရတာအော်ဂလီဆန်လွန်းတယ်။ဒီလူ့ယုတ်မာမှုတွေကို မေမေသိအောင်ဖွင့်ဟပြချင်ပေမယ့် မေမေကသူ့ကိုဒီအခွင့်အရေးမပေးခဲ့ဘူး။အနွံ့ဖေဖေလို့ပြောဖို့မတန်လောက်အောင် အနွံနဲ့ဒီလူဟာအစစအရာရာကွာခြားလွန်းတယ်။အခုလည်း သူ့ဖေဖေနေရာကိုဝင်ယူထားတဲ့ဒီလူ့ကို သိပ်မုန်းတယ်။
"သြော်ဟော ဘယ်သူများလဲမှတ်တယ်။မမမီရဲ့တစ်ဦးတည်းသောသားလေးဘဲ။အင်း... ငါ့သားလို့ပြောလို့လည်းရတာဘဲ။မမမီက ငါတရားဝင်လက်ထပ်ထားတဲ့ဇနီးဆိုတော့လေ"
"ခင်ဗျားလိုအောက်တန်းစားက ရာရာစစဘယ်အဆင့်ကိုတက်မှန်းနေတာလဲ။အော်ဂလီဆန်လွန်းလို့ ခင်ဗျားကျုပ်အရှေ့ကဖယ်စမ်းပါ"
"မင်းတို့လိုငချွတ်လေးတွေက စကားပြောအတော်ကြမ်းတာဘဲ။လူကြီးကိုလူကြီးမှန်းသိသင့်၊လေးစားသင့်တာပေါ့"
YOU ARE READING
နွံ(Completed )
Romantikရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "