ဂဏန်းအချို့ကိုချရေးထားသော စာရွက်အပိုင်းအစလေးကို လက်ထဲတွင် ကိုင်ထားရင်း အရှေ့မှလူများဖုန်းပြောပြီးသည်အထိ အနွံစောင့်နေရတယ်။ရစ်နှောင်ကြိုးက ဖုန်းနံပါတ်ကိုစာရွက်ဖြင့်ချရေးပေးခဲ့ပြီး ကိုးနာရီလောက်ကျဖုန်းဆက်မယ်ဆိုတာကြောင့် လမ်းထိပ်ဖုန်းဆိုင်မှာအနွံလာစောင့်နေရတယ်။
။စနေနေ့မို့ မနက်ပိုင်းအမေ့ဆိုင်မှာဝိုင်းကူပြီး ကားဂိတ်မှာပန်းရောင်းပြီးပြန်လာတော့ နံနက်ရှစ်နာရီခွဲအတိ။ဖုန်းဆက်ချိန်သူမရှိမှာကြောက်လို့ အပြေးအလွှားပြေးလာပေမယ့် အချိန်အတော်ကြာတဲ့အထိ အနွံ့နာမည်နဲ့ဖုန်းဝင်လာခြင်းမရှိသေးပေ။စာရွက်ကိုငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိတယ်။မအားလို့ဖြစ်မှာပါလို့ဘဲ ကိုယ့်ကိုယ်ကိုယ်ချွေးသိမ့်လိုက်ရင်း အင်္ကျီအနားစကိုလုံးချေနေမိတယ်။"အစ်...အစ်မ ဘယ်...ဘယ်နှစ်နာရီရှိပြီလဲ ကျစ် "
အနွံကဘယ်ဘက်သို့သိသိသာသာ စောင်းသွားသောဇက်ကိုလက်ဖြင့်ခပ်ဆတ်ဆတ်ရိုက်လိုက်တယ်။သူ့ကိုယ်သူအားမလိုအားမရဖြစ်တိုင်း လုပ်တတ်သည့်အပြုအမူက အကျင့်တစ်ခုလိုဖြစ်သွားခဲ့တာဘဲဖြစ်လိမ့်မယ်။။ဆိုင်ရှင်အစ်မက သူ့လက်ပတ်နာရီကို မြှောက်ကြည့်လိုက်ပြီး...
"ကိုးနာရီလေးဆယ့်ငါး မောင်လေး "
ဖုန်းဆိုင်ပိုင်ရှင်အစ်မက အနွံမေးတာကိုပြန်ဖြေပြီး မောင်လေးဆက်ချင်ရင်ဆက်လို့ရပြီလို့ပြောတယ်။ဘာလုပ်ရမလဲ စဥ်းစားနေတုန်းမှာဘဲ...
"ဟိတ်...အနွံ "
ကျောကို ဖြောင်းခနဲအတီးခံလိုက်ရတာကြောင့် အနွံ့ကျောပင်အောင့်သွားတယ်။ဒါနဲ့ဘဲ နောက်လှည့်ကြည့်တော့ တစ်ခါမှမမြင်ဖူးသည့်ပုံစံ မြန်မာဝမ်းဆက်ကိုဝတ်ထားသည့် ဆောင်းဟေသီက ခုနကသူဘာမှမလုပ်လိုက်သလိုပြုံးပြနေတယ်။
"နင်...နင် ဘာ..."
အနွံ့စကားတောင် မဆုံးသေး ဆောင်းဟေသီက ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ပြကာ ဖြတ်ပြောလာတယ်။
"အနွံ ငါလှတယ်မလား ဟီး။ငါဘာလာလုပ်တာလဲ ၊နင်ဒီမှာဘယ်လိုရှိမှန်းသိတာလဲဆိုပြီးမေးချင်နေတာ ဟုတ်တယ်မလား ။ဆောင်းဟေသီပါဟ မပိုင်ရင်ခြင်တောင်ကြိုးတုပ်ပြီးမရိုက်ဘူး။ငါပြောပြမယ်ဟာ ဒီနေ့အန်တီ့မွေးနေ့လေ။ဘုန်းကြီးကျောင်းဆွမ်းချိုင့်သွားပို့ဖို့ ငါ့ကိုနင်နဲ့
အဖော်လိုက်ပေးပါဆိုပြီး အန်တီကပြောလို့ငါလာတာ။ငါအိမ်ကိုရောက်တော့ အန်တီက နင်ဖုန်းဆိုင်သွားတယ်ပြောလို့လေ။အဲဒါနဲ့ငါလိုက်လာတာ။ဘယ်လိုလဲ ငါတော်တယ်မလား "
YOU ARE READING
နွံ(Completed )
Romanceရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "