Part-19

25.6K 1.1K 112
                                    

ရန်ကုန်ကပြန်ရောက်ရောက်ချင်း အိမ်မပြန်တော့ဘဲ ဆိုင်ကိုသာတန်းလာမိတယ်။တစ်ခါမှ သူ့ကိုမျက်လုံးလှန်မကြည့်ဖူးတဲ့မောင်ဖြစ်သူက "မမကြီး ကျွန်တော်တို့ဘဝထဲကထွက်သွားပေးပါလားဗျာ"ဆိုတဲ့စကားတစ်ခွန်းနဲ့တင် ဘာစကားမှပြန်မပြောနိုင်လောက်အောင် သူအရုပ်ကြိုးပျက်ဖြစ်ခဲ့ရတယ်။ဖေဖေနဲ့မေမေဆုံးသွားကတည်းက သူတို့စီးပွားရေးကိုအမဲဖြတ်ချင်နေကြတဲ့ဆွေမျိုးတွေကြောင့် အကြောတင်းတင်းနဲ့ဘာကိုမှဂရုမစိုက်တဲ့သူကဘဲ ဒီအိမ်ရဲ့အိမ်ထောင်ဦးစီးဆိုတဲ့တာဝန်ကိုပခုံးပေါ်ထမ်းခဲ့ရတယ်။ရှေ့နေဆိုတဲ့ဂုဏ်ပုဒ်ကိုသူပယ်ချခဲ့ပြီး" ငါ့မောင်လေးသာအညွန့်တလူလူတက်နေတာမြင်ရရင် ဒီအစ်မတော့သေပျော်ပါပြီ"ဆိုတဲ့စိတ်နဲ့ အရာရာလုပ်ပေးခဲ့ပေမယ့် မောင်ဖြစ်သူကသူ့ကိုအလိုမရှိတော့ဘူးပြောလာတဲ့အခါ အသည်းထဲနင့်အောင်နာခဲ့ရတယ်။ဒီအစ်မရင်ကွဲအောင် ဒီလိုစကားကြမ်းကြမ်းတွေနဲ့အော်သတဲ့။တစ်သက်လုံးစောင့်ရှောက်လာခဲ့တဲ့အစ်မကို ပစ်ပစ်ခါခါပြောရက်တယ်တဲ့လေ။သွေးပွက်ပွက်ဆူလာသလို သူ့တစ်ကိုယ်လုံးပူလောင်လာတာကြောင့် စားပွဲပေါ်ကပန်းအိုးကိုအားနဲ့ရိုက်ခွဲပစ်လိုက်မိတယ်။လွင့်စင်သွားတဲ့ဖန်ကွဲစတွေဟာ သူ့ခြေဖမိုးအထိလာမှန်တယ်။အပေါ်ယံအရေပြားတစ်ထောက်စာနာကျင်မှုဟာ သူ့ရင်ထဲကအပူမီးတွေလောက်တောက်လောင်မနေတာဟာအသေအချာပါဘဲ။

"မမကြီး"

"အခန်းထဲဝင်ရင် တံခါးခေါက်ရမယ်ဆိုတာမင်းနားမလည်ဘူးလား ဟမ်!"

"ဟို...မမကြီး ကျွန်မ တောင်း...တောင်းပန်ပါတယ်"

ရွှေမြတ်ရဲ့မျက်လုံးစူးစူးတွေနဲ့ရင်ဆိုင်လိုက်ရတဲ့အခါ ဝန်ထမ်းကောင်မလေးကတုန်တက်သွားတယ်။ခန္ဓာကိုယ်ကိုကျုံ့ပြီး ပါဆယ်ထုပ်ကို စားပွဲပေါ်တင်ပေးပြီးတာနဲ့ ကြောင်တောင်တောင်ရပ်ကြည့်နေတယ်။အမြဲခက်ထန်နေတဲ့ရွှေမြတ်ဂုဏ်ဆိုတဲ့အမျိုးသမီးပါးမှာ မျက်ရည်တွေနဲ့တဲ့။ထူးဆန်းလွန်းလို့ ဝန်ထမ်းကောင်မလေးက ငေးကြည့်နေခဲ့တယ်။

"မင်းကိစ္စပြီးပြီဆိုရင် သွားတော့လေ။ဘာရပ်လုပ်နေတာလဲ"

"ဟုတ်...ဟုတ်ကဲ့ရှင့်"

နွံ(Completed )Where stories live. Discover now