စတူဒီယိုအခန်းတစ်ခုထဲတွင် ကင်မရာသံကစီးချက်ကျစွာထွက်ပေါ်နေပြီး ရိုက်ကူးရေးအဖွဲ့သားများကလည်းစုံလင်နေတယ်။ကြော်ငြာရိုက်ကူးရေးတစ်ခုဖြစ်ပြီး indoorရိုက်တာမို့အပြင်လူများများစားစားတော့ရှိမနေ။တက်သစ်စမော်ဒယ်လ်ဆိုပေမယ့် ချောမောတဲ့ရုပ်ရည်၊တောင့်တင်းတဲ့ခန္ဓာကိုယ်ကြောင့် ပထမဦးဆုံးပွဲဦးထွက်မှာတင် ပရိသတ်အခိုင်အမာရရှိထားပြီး အများဆုံးကတော့ လူငယ်မိန်းကလေးပရိသတ်များပင်။တက်သစ်စတွေထဲမှာတောင် အားလုံးနဲ့ကွဲထွက်နေတဲ့သူ့ပုံစံကြောင့် လူစိတ်ဝင်စားခံရတယ်။အချိန်တိုလေးအတွင်းမှာတင် ကြော်ငြာပေါင်းများစွာကိုလက်ခံထားရပြီး တချို့ထုတ်လုပ်ရေးတွေဆို ရုပ်ရှင်ရိုက်ဖို့အထိပါကမ်းလှမ်းကြပေမယ့် သူကတော့လက်မခံသေးပေ။
"Cut ...Cut မင်းသားအင်္ကျီလဲမယ်"
ဒါရိုက်တာကြီးရဲ့ စကားဆုံးတာနဲ့ ရစ်ကအင်္ကျီလဲခန်းထဲဝင်သွားတယ်။ဒီနေ့က အင်္ကျီbrandတစ်ခုကြော်ငြာရတာဖြစ်လို့ ခဏခဏတော့အဝတ်လဲရတယ်။သူကတက်သစ်စဆိုပေမယ့် တွဲရိုက်ရတဲ့မင်းသမီးက နေရာတစ်ခုရထားတဲ့နာမည်ကြီးမင်းသမီးတစ်ယောက်မို့ သူ့အနေနဲ့အမှားမပါအောင်ဂရုစိုက်ရတယ်။သူငယ်ချင်းတွေအကုန် ရှူတင်ကိုလိုက်လာကြပြီး သူ့ကို ပါးစပ်အဟောင်းသားနဲ့ထိုင်ကြည့်နေကြတော့ ရစ်မှာဟက်ဟက်ပက်ပက်ရယ်မိပြန်တယ်။အနွံကတော့ သူ့သင်တန်းနဲ့အလုပ်ရှုပ်နေတာမို့ပါမလာပေ။ဟင်းချက်ရတာကိုအနုပညာတစ်ခုလိုဝါသနာထုံလွန်းတဲ့အနွံက အသစ်အဆန်းလေးတွေအမြဲထွင်ပြီးရစ်ကိုချက်ကျွေးလေ့ရှိတယ်။ပေါ့တယ်ပြောမိတဲ့အခါ ကိုကိုကအလေးစားလို့ဆိုပြီး ခွန်းတုံ့ပြန်လေ့ရှိပြီး ငန်တယ်ပြောမိတဲ့အခါမျိုးမှာဆိုရင်လည်းကိုကိုကအပေါ့စားလို့နေမှာဆိုပြီးပြောပြန်ပါတယ်။တကယ်ဆို အချစ်ကလေးချက်သမျှဟာသူ့ပါးစပ်ထဲတော့အရသာအလွန်ရှိတာတွေပါဘဲ။
အဝတ်အစားလဲပြီးတဲ့အခါ နောက်ထပ်တစ်scenceထပ်ရိုက်ရတယ်။ကြော်ငြာလေးတစ်ခုဆိုပေမယ့် ရစ်ကသူ့လက်ခံထားတဲ့အလုပ်အပေါ် အစအဆုံးသေချာစနစ်တကျစီစဥ်တတ်ပြီး အချိန်လေးစားတယ်။စီနီယာတွေအပေါ် လေးစားမှုရှိပြီး ဖော်ရွေတော့ အချိန်တိုအတွင်းမှာ နာမည်ကြီးတယ်ဆိုတာထက် လူသိများလာတယ်လို့ပြောရမယ်။ရိုက်ကူးရေးပြီးစီးတဲ့အခါ ရှူတင်breakလိုက်ကြပြီး ရစ်လည်းသူငယ်ချင်းတွေအနားသွားရတယ်။
YOU ARE READING
နွံ(Completed )
عاطفيةရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တော်တော့ "