Chapter 85

117 24 0
                                    

Chapter 85

June 10, 2024

👻Chapter 85
ဒဏ်ကြေလိမ်းဆေး (1)

အားပါလွန်း၍ ချူဟွိုက်၏ သွားဖွေးဖွေးလေးများက ကျင်းထျန်းယိ၏ နှုတ်ခါးပါးများနှင့် ပွတ်တိုက်သွားပြီး နှုတ်ခမ်းလွှာနှစ်ခုကြား ချိုမြိန်ပြီး ငန်ကျိကျိအရသာက စွဲထင်ရစ်သည်။

ကျင်းထျန်းယိက အံ့သြလွန်း၍ တစ်စက္ကန့်မျှ နှလုံးရပ်သွားသလို ခံစားမိပြီး တစ်ခဏမျှ တောင့်ခဲသွားရသည်။

သူတို့၏ နှုတ်ခမ်းသားများက ဖိပွတ်နေကြ၍ ချူဟွိုက်က သူ့ကို မော့ကြည့်လိုက်မိသည်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည့်အခိုက် တစ်ခဏကြာအောင်ထိ စကားမဆိုမိကြသော်လည်း ထူးဆန်းသည့် ခံစားချက်ကြီးတစ်ခုက နှစ်ယောက်ကြား နေရာယူလာသည်။

ချူဟွိုက်က သူလုပ်လိုက်သည့် အရာကို သဘောပေါက်သွားသည့်အချိန် တစ်စက္ကန့်မျှ မေ့လဲသွားမလို ဖြစ်သွားရသည်။ သူ၏ ဦးရေပြားတို့ ထုံကျင်လာပြီး ခေါင်းပင် ပေါက်ကွဲထွက်တော့မလို ခံစားရသည်။

သူက မည်သို့တွေးလိုက်မိမှန်း မသိပဲ ကျင်းထျန်းယိကို မော့ကြည့်လိုက်သည့်အချိန် ထိုကိစ္စကို လုပ်ချင်စိတ်ပေါ်လာရသည်။ 

ထို့ပြင် သူ တကယ်ပဲ လုပ်ခဲ့လေသည်။

ချူဟွိုက်၏ မျက်နှာက ချက်ချင်း ရဲတက်သွားပြီး ဝမ်းဗိုက်ထဲမှ နာကျင်မှုကိုပင် မေ့သွားခဲ့သည်။

ကျင်းထျန်းယိက အံ့သြနေရာမှ အသိပြန်ဝင်လာရင်း တစ်ခုခုကို အတည်ပြုလိုက်ရသလို မျက်လုံးများက ရိပ်ခနဲ အရောင်လက်သွား၏။
 
ချူဟွိုက်က ကျင်းထျန်းယိကို ဂရုတစိုက် ကြည့်နေရင်း အချိန်ခဏထိ စောင့်နေလိုက်သည်။ သူ တုံ့ပြန်လာခြင်းမရှိ၍ သူစဥ်းစားနေသည့်အရာကို မသိရပဲ ဖြစ်နေသည်။ သူက စိတ်လှုပ်ရှားလာ၍ အမြန် ခေါင်းငုံ့လိုက်ရင်း စိုးရိမ်နေမှုတို့ကို ဖုံးကွယ်ထားလိုက်ကာ အသံအက်အက်နှင့် ပြောလာသည် 

" အမ်....ကျွန်တော်....ကျွန်တော်...."

ကျင်းထျန်းယိက ချူဟွိုက်၏ အသိစိတ်လွတ်သွားသလို စိတ်လှုပ်ရှားနေသည့်အဖြစ်အား မြင်လိုက်၍ ရင်နာလာရသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now