●●●Zawgyi●●●
T/N : Warning alert !!!
အိမ်ရှေ့စံအဆောင်ကို အမြန်လာတော့ ဥယျာဉ်ငယ်ထဲတွင် အိုက်ရှင်း နှင့် စောင့်ပေးနေသော ရင် ကိုလည်း တွေ့လိုက်လေသည်။
အိုက်ရှင်း ဆီသို့ အလျင်အမြန်ပင်သွားလိုက်ပြီး အနောက်မှနေ၍ အိုက်ရှင်း ၏ ခါးသွယ်သွယ်ကို ဖက်ထားလိုက်သည်။
"ယုန်လေး .... ရွှေငါးတွေကို သဘောကျလား"
အိုက်ရှင်း အနောက်လှည့်ကာ ရှန်း ကို တောက်ပသော ခရမ်းဖျော့မျက်ဝန်းများနှင့် ကြည့်လိုက်ပြီး ဖြူစင်သည့်အပြုံးဖြင့် ခေါင်းညိတ်ပြလေသည်။
အလွန်ဖြူစင်သည့် အိုက်ရှင်း ကြောင့် ရှန်း ပြုံးလိုက်ကာ နှုတ်ခမ်းတို့ကို ခဏမျှအတူ ဖိကပ်ထားလေသည်။
"ယုန်လေး .... မင်းကြိုက်တယ်ဆိုရင် ဒီဥယျာဉ်ငယ်ကို မင်းကိုပေးမယ်"
အိုက်ရှင်း မျက်လုံးတို့ပြူးကျယ်သွားပြီး ရှန်း လက်ကို ဆုပ်ကိုင်လိုက်ရင်း ....
"တကယ်လား ... ဒါဆို ဒီကို နေ့တိုင်းလာလို့ရမလား"
"ဟား...ဟား... ရတာပေါ့ ယုန်လေးရဲ့ .... မင်း လုပ်ချင်တာလုပ်လို့ရတယ်"
လှပသော ငါးများနှင့် မြင်ကွင်းတို့ကို နေ့တိုင်းလာကြည့်နိုင်တော့မည်ကို အိုက်ရှင်း ပျော်သွားပြီး ရှန်း ကို ဖက်လိုက်လေသည်။
အိုက်ရှင်း အလွန်ပျော်နေသောကြောင့် ရှန်း ပြန်ဖက်လိုက်ပြီး နားနားကပ်၍ ...
"ယုန်လေး .... ငါ့အိပ်ခန်းကို လိုက်မလား ... အဲဒီမှာ အရမ်းလှပြီး ရှားတဲ့ပစ္စည်းတွေရှိတယ် ... မင်းယူချင်တာ ယူလို့ရတယ်"
နောက်ဆုံးအကြိမ် ရှန်း အခန်းသို့ လာသည့်အချိန်တွင် သူတို့၏လုပ်ရပ်များကို သတိရသွားပြီး မျက်နှာနီရဲလာကာ နောက်တစ်ကြိမ်ပြန်သွားရန် ရှက်နေမိသော်လည်း လှပပြီးထူးခြားသည့်ပစ္စည်းတို့ကို မှတ်မိနေသေးသည်။ ထို့ကြောင့် ခဏကြည့်ရန် စဉ်းစားလိုက်ပြီး ရှန်း ကိုကြည့်ကာ သိချင်စိတ်တို့ဖြင့် မေးလေသည်။
![](https://img.wattpad.com/cover/143270996-288-k958412.jpg)
YOU ARE READING
RomanceBOOK 1 Chinese story written in English by Original Author -skies- English Name - Stealing The Emperor's Male Concubine မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ / မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ Burmese Translator : Hanashi...