●●●Zawgyi●●●
ဖန်ဘူးငယ်နှင့် အပြာရောင်ဆေးလုံးကို လက်ထဲတွင် သေချာဖွက်ထားပြီး ပတ်ဝန်းကျင်ကို သေချာကြည့်ပြီးမှ မည်သူမှမရှိဟု သေချာတော့မှသာ ကျင်းရီ ချုံး နှင့်အတူ အခန်းကို ပြန်လာခဲ့လေသည်။
"မီလင်း ... ဘာတွေကြည့်နေတာလဲ"
ရုတ်တရက်ပေါ်လာသောအသံကြောင့် မီလင်း လန့်သွားကာ လှည့်ကြည့်တော့မှ သူမသူငယ်ချင်းဖြစ်နေသည်ကို တွေ့လိုက်သဖြင့် စိတ်အေးကာ သက်ပြင်းချလိုက်လေသည်။
"ရာရှီ ... ငါ့ကို အဲဒီလိုမစပါနဲ့ဟာ"
"ဟဲ..ဟဲ .... မီလင်း .. နင်မထင်ထားဘဲနဲ့ တစ်ခုခုလုပ်နေတာမလား"
ရာရှီ ပြုံးလျက် ပြောလေတော့ မီလင်း မျက်မှောင်ကြုတ်သွားကာ ရာရှီ ကို အနားဆွဲခေါ်လိုက်ပြီး ....
"ငါ ကိုယ်လုပ်တော် ကျင်းရီ ကို ကိုယ်လုပ်တော် မိန်ကွေ့ ရဲ့ အခန်းဟောင်းထဲဝင်သွားတာ တွေ့လိုက်တယ်"
"ဘာ !!!!"
ရာရှီ အံ့ဩကာ အော်လိုက်မိသဖြင့် မီလင်း အမြန် ပါးစပ်ကိုပိတ်ကာ တားလိုက်လေသည်။
"ဟူး .... နင်သေချာရဲ့လား .. နင်အမြင်မှားတာနေမှာပါ ... ကိုယ်လုပ်တော် ကျင်းရီ က မိန်ကွေ့ အခန်းကို ဘာသွားလုပ်မှာလဲ ... ပြီးတော့ သူတို့က ဘာမှမသက်ဆိုင်ကြသလို မိန်ကွေ့ လည်း သေသွားတာ ကြာပြီလေ"
ရာရှီ စကားတို့ကို သူမစဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် အဲဒါ သူမပဲဆိုတာ သေချာတယ် ... သူမရဲ့ အစေခံကိုတောင် အခန်းပြင်မှာ တွေ့လိုက်သေးတယ်"
"ဟင်း ... မီလင်း .. ငါတော့ မထင်ဘူးနော် .... ကိုယ်လုပ်တော် ကျင်းရီ က ကြင်နာတတ်တဲ့သူပါ ... မိန်ကွေ့ လို မဟုတ်ဘူး ... ပြီးတော့ မယ်တော်ကြီးကလည်း သူမကို သဘောကျနေတော့ မိဘုရားဖြစ်လာနိုင်ဖို့က အသာကြီးပဲ ... ပြီးတော့ ကိုယ်လုပ်တော် ကျင်းရီ က ဒီကို ဘာလာလုပ်မှာလဲ ... နင်မေ့လိုက်တာကောင်းမယ် .. ပြန်ရအောင်"
YOU ARE READING
RomanceBOOK 1 Chinese story written in English by Original Author -skies- English Name - Stealing The Emperor's Male Concubine မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ / မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ Burmese Translator : Hanashi...