●Zawgyi●
ရှန်း နှင့် ကျန်းရှီ တို့ ထွက်လာပြီးချိန် နန်းတော်၌ ....
ဧကရာဇ် အခန်းထဲတွင်နားနေရင်း မိမိအကြံကို ကျေနပ်အားရစွာ ပြုံးလိုက်ချိန်တွင် မိဘုရားခေါင်ကြီးရောက်လာသည်ကို အစေခံလျှောက်တင်လိုက်သဖြင့် သိလိုက်လေသည်။
မိဘုရားကြီးက ဝင်လာလျှင်ပင် အရိုအသေပြုလိုက်ပြီး ဝမ်းနည်းသောအကြည့်နှင့် ပျော့ပျောင်းစွာမေးလေသည်။
"အရှင်မင်းကြီး ... ရာ့ဟွေ ရွာက ခေါင်းဆောင် ထန် ရဲ့ သမီးကို ခေါ်လာဖို့အတွက် သားတော်လေးကို လွှတ်လိုက်တယ်လို့ ကြားမိပါတယ်"
ဘုရင်ကြီး မျက်မှောင်ကြုတ်ကာ အေးစက်သောအသံနှင့် ....
"ကိုယ်တော့်အမိန့်ကို အာခံတာလား"
မိဘုရားလည်း ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး ငိုကြွေးလေသည်။
"အရှင်မင်းကြီးကို အာမခံဝံ့ပါဘူး .... သားတော်လေးအတွက် စိုးရိမ်လို့ပါ ... ကျွန်တော်မျိုးမတို့ရဲ့ တစ်ဦးတည်းသော သားလေးလေ .... တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ"
မိဘုရားကြီးကို ဧကရာဇ် လှောင်ပြုံးနှင့်ကြည့်လိုက်ပြီး ....
"ကိုယ်တော့်မှာ မကြာခင် ကလေးမွေးဖွားပေးနိုင်မယ့် ကိုယ်လုပ်တော်တွေ အများကြီးရှိတယ် ... ပြီးတော့ ဒီလိုသာမန်ကိစ္စလေးကိုမှ မလုပ်ဆောင်နိုင်ရင် ကိုယ်တော့်သားလို့ မခေါ်ထိုက်တော့ဘူး"
ဧကရာဇ် စကားကြောင့် မိဘုရားကြီး စိတ်တိုသွားပြီး ချက်ချင်းပင် လည်ပင်းညှစ်သတ်ချင်သော်လည်း တည်ငြိမ်စွာနှင့် ထွက်သွားတော့သည်။
မိဘုရားထွက်သွားသည်နှင့် ဧကရာဇ်သည် အိုက်ရှင်း ထံသွားမည်ဟု အမတ် ယု ကိုပြောရင်း အခြားကိစ္စများကို အချိန်ရွေ့ဆိုင်းထားခိုင်းလိုက်သည်။
YOU ARE READING
RomanceBOOK 1 Chinese story written in English by Original Author -skies- English Name - Stealing The Emperor's Male Concubine မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ / မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဘာသာပြန်သည်။ Burmese Translator : Hanashi...